Latest News

Tuesday, February 21, 2017

တံတားအမည်ကိစ္စ ခံစားချက်ကြောင့် အဓိကနုတ်ထွက်တာပါ ဟု ဦးမင်းမင်းဦးကပြောကြား

တံတားအမည်ကိစ္စ ခံစားချက်ကြောင့် အဓိကနုတ်ထွက်တာပါ

ဟု ဦးမင်းမင်းဦးကပြောကြား


ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်း
သည် တံတားအမည်ပေးသည့်ကိစ္စကြောင့်ဖြစ်ကြောင်း၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်စတင် အာဏာရရှိခဲ့သည့်
 ၂ဝ၁၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်ပြီး တစ်နှစ်မပြည့်သေးသော
အချိန်ကာလအတွင်း ပြည်နယ်အဆင့်ဝန်ကြီးချုပ်တစ်ဦး
နုတ်ထွက်သည့် သတင်းက အများပြည်သူများအကြား
လူပြောများနေသောမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး
အနေဖြင့်လက်ရှိတာဝန်ယူထားရသော ဝန်ကြီးချုပ်
တာဝန်မှ နုတ်ထွတ်မယ်ဆိုသည့်ကိစ္စအပေါ်
၌ နိုင်ငံရေးအသိုင်းအဝိုင်းများနှင့် ပြည်သူ
များအကြားမှာလည်း ထင်ကြေးအမျိုးမျိုး
ထွက်ပေါ်နေခဲ့သည်။ မကြာမီကာလအတွင်း
က ချောင်းဆုံတံတားသစ်ကို အမည်ပေးရေး
အငြင်းပွားဖွယ်ကိစ္စ၊ ကားလေလံအောင်မြင်
သူလုပ်ငန်းရှင်ထံမှ ကားတစ်စီးရယူခဲ့သည်ဆို
သော စွပ်စွဲချက်များအပြင် ခရိုနီစီးပွားရေး
လုပ်ငန်းရှင်များနှင့်လည်း ပတ်သက်မှုများရှိ
နေသည်ဟု လူမှုကွန်ရက်မှာ စွပ်စွဲခြင်းခံနေ
ရသည်။ ထို့ကြောင့် မြန်မာတိုင်းမ်နေ့စဉ်
ပရိသတ်များ အဖြစ်မှန် သိရှိနိုင်စေရန် မွန်
ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို ¤င်း၏
မွေးရပ်ဇာတိမြေဖြစ်သော တောင်စွန်းကျေး
ရွာအထိ မြန်မာတိုင်းမ်သတင်းထောက်ချုပ်
ဇေယျာလင်းနှင့် သတင်းထောက်စိုင်းဝဏ္ဏတို့
က ဖေဖော်ဝါရီ ၂ဝ ရက်တွင် သွားရောက်
မေးမြန်းခဲ့ပါသည်။

ဝန်ကြီးချုပ်အနေနဲ့ အခုလို ရုတ်တရက်
နုတ်ထွက်ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တယ်ဆို
တာ သိပါရစေ။

အဓိကတံတားကိစ္စဖြစ်ပါတယ်။ ပြည်နယ်
မှာက အဲဒါကအရေးကြီးတဲ့ အနေအထားမှာ
ရှိတယ်။ ပင်လုံညီလာခံကြီး အောင်မြင်ဖို့
တည်ဆောက်နေတဲ့အချိန်မှာ တိုင်းရင်းသား
တွေရဲ့ရင်ထဲက ခံစားချက်တွေကို မေ့လို့မရ
ဘူး။ ပင်လုံစိတ်ဓာတ်ကို ရင်ထဲအထိ ပူးဝင်
မခံစားဘူးဆိုရင် အဖြေလုံးဝထွက်မှာ မဟုတ်
ဘူး။ အဲဒါ အရေးအကြီးဆုံးပဲနော်။ မွန်ပြည်
နယ်ကို အုပ်ချုပ်နေတယ်။ မိဘဖြစ်နေတဲ့အချိန်
မှာ တိုင်းရင်းသားတွေရဲ့ ရင်ထဲကခံစားချက်
ကို ကျွန်တော်အကုန်သိထားတယ်။ ဒီတံတား
ပြဿနာ တက်လာကတည်းက ဆရာတော်
ကြီးတွေတောင် မနေတော့ဘူး။ အဲဒီလောက်
အထိဖြစ်လာတဲ့ အနေအထားရှိတယ်။ နာမည်
ကို သူတို့ရဲ့ တိုင်းရင်းသားအမည်လေးပေး
ပေးပါ။ ကျန်တာ မကူညီရင်နေပါ။ အဲဒီလောက်
အထိ အခြေအနေဆိုးလာပါတယ်။ ဒါကြောင့်
အဲဒီမှာ ကျွန်တော် ပြတ်ပြတ်သားသားရပ်တည်
တဲ့အခါကျတော့ ဒါဟာအဓိကပြဿနာပဲ။
ဒီလောက်ဆို ငါ့ညီတို့လိုချင်တဲ့အဖြေရပြီလို့
ထင်ပါတယ်။

နောက်တစ်ခုက ဝန်ကြီးချုပ်နဲ့ပတ်သက်ပြီး
သတင်းတွေထွက်နေပါတယ်။ ဒါက မေးရ
မယ့်အခြေအနေမို့ပါ။ ဝန်ကြီးချုပ်က ခွင့်မဲ့
ပျက်ကွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်
သက်ပြီး ဝန်ကြီးချုပ်အနေနဲ့ ဘယ်လိုဖြေရှင်း
ချက် ပေးချင်ပါသလဲ။

ပြောပါ့မယ်။ လွှတ်တော်မှာ လာမဖြေ
နိုင်တာကလည်း အဲဒီနေ့က ခွင့်တင်ထားတယ်။
အဲဒီရက်မှာ တာဝန်က ဝန်ကြီးချုပ်တာဝန်ရှိ
နေတာလေ။ ဝန်ကြီးချုပ်တာဝန်တွေနဲ့ နိုင်ငံ
တော်သမ္မတအထိ ခွင့်တင်ထားတယ်လေ။
ဘယ်သွားမယ်ဆိုတာကအစ သမ္မတဆီတင်
ရတယ်။ အဲဒီဟာ တိုက်ခိုက်ချင်လို့ တိုက်ခိုက်
လိုက်တာ။ အဲဒီရက်ကဆို ရန်ကုန်မှာ ဖိုရမ်
သွားတက်ရတယ်။ သဘောပေါက်တယ်မို့
လား။ ကျွန်တော်တို့က တိုင်းနဲ့ပြည်နယ်ကျော်
ရင် နိုင်ငံတော်သမ္မတကို အသိပေးရတယ်။
သူ့ကိုမတင်ဘဲနဲ့ သွားလို့မရဘူး။ အစိုးရတာ
ဝန်မှာ ကျွန်တော် မပျက်ကွက်ဘူး။ ဒီထက်
ပိုရှင်းတဲ့ဟာကို ဒီထက် လွတ်လွတ်ကျွတ်
ကျွတ်ဖြစ်တဲ့အချိန်ကျရင် ထပ်ပြီးပြောပြပါ့
မယ်။

ဝန်ကြီးချုပ်က စည်ပင်သာယာရေးဝန်ကြီး၊
ဆောက်လုပ်ရေးဝန်ကြီးလည်း ဖြစ်တယ်။
ဝန်ကြီးချုပ်တာဝန်ကိုလည်း ပူးတွဲတာဝန်
ထမ်းဆောင်နေတယ်ဆိုတော့ ဒီလောက်တာ
ဝန်တွေအများကြီးကို ဝန်ကြီးချုပ်အနေနဲ့
ဘာကြောင့် တာဝန်ထမ်းဆောင်ရတာလဲ။
ဘယ်လိုအခြေအနေတွေကြောင့်လဲဆိုတာ
ရှင်းပြပေးစေချင်ပါတယ်။

ကျွန်တော်ဝန်ကြီးဌာနတွေကို ပြန်လွှဲပေး
တော့မယ်လို့ပြောတယ်။ လွှဲတာနဲ့ ပြဿသနာပိုကြီးနိုင်တဲ့
အနေအထားရှိတယ် ဒေီ နရာကို
မျှော်ကိုးပြီး တိုက်နေတဲ့သူတွေက အများကြီး
ပဲ။ အဲဒါကြောင့် လက်ထဲက ချရခက်၊ ဆုပ်ရ
ခက် ဖြစ်နေတာ။ ကျွန်တော်လည်း တာဝန်
အရမ်းပိနေပြီ။ ဒါပေမဲ့ ဒီဟာကို မျှော်ကိုးပြီး
တိုက်နေတဲ့သူတွေက ဒါကို ဒီလူကိုပေးလိုက်
ရင် ဟိုလူက ချမယ်၊ ဟိုလူပေးလိုက်ရင် ဒီလူ
ကချတော့မယ့် အခြေအနေထိရှိတယ်။ အပေါ်
က မျှောလ် ငေ့် နတာကဒီလူတွေမကြိုက်ဘူး ။
နောက်ဆုံး အခြေအနေတွေမို့ ကျွန်တော်
ပြောတာ။ အဲဒီလိုအခြေအနေမှာ ကျွန်တော်
က မနိုင်လည်း နိုင်အောင်ထမ်းနေရတာ။

အခြားသူတွေနဲ့ မတူတာလေး ကျွန်တော်
သွားတွေ့တယ်။ အဲဒါကတော့ ဝန်ကြီးချုပ်
က အသောက်အစားမရှိဘူး။ တောင်စွန်း
ကိုရောက်တော့ မေးကြည့်မိသလောက်တော့
အားလုံးက ဝန်ကြီးချုပ်ကို ချစ်ချစ်ခင်ခင်
ပါပဲ။ အခုလိုနုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ
က အလုပ်ဖိအားကြောင့်များလားခင်ဗျာ။

အခုနက တံတားကိစ္စက အရေးအကြီး
ဆုံးပါ။ ဒါကြောင့်ပါ။
ဝန်ကြီးချုပ် ပြည်သူတွေကိုပေးချင်တဲ့
Messages က ပြည်သူတွေ အထင်အမြင်
လွဲနေတာတွေနဲ့ ပတ်သက်လို့ နောက်
အတိုင်ပင်ခံပုဂ္ဂိုလ်ကို ပေးချင်တဲ့ Messages
က ဘယ်လို Messages လဲ။

ပင်လုံညီလာခံကြီး တည်ဆောက်မယ်ဆို
ရင် တိုင်းရင်းသားတွေရဲ့ ရင်ထဲကခံစားချက်
တွေကို ပူးဝင်ခံစားပါ။ မွန်ပြည်နယ်တစ်ပြည်
နယ်လုံးရဲ့တိုင်း ရင်းသားတွေကကျွနေ် တာ့်
ကို ဖုန်းဆက်နေတယ်။ ဆရာတော်ကြီးတွေ
ပါတယ်။ ဒီနာမည်လေးတစ်ခုတော့ သူတို့နာ
မည်လေး ခေါ်စေချင်တယ်။ သူတို့ အထွတ်
အမြတထ်ားတ့ဲ နာမညေ် လးတပ်ေစချင်တယ်။
မွန်လူမျိုးက တခြားလူမျိုးနဲ့ မတူဘူးနော်။
ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့နေတဲ့ လူမျိုး
ဖြစ်ပါတယ်။

သံလွင်တံတားသစ် အမည်ပေးတာနဲ့စပြီး
ပြဿနာတက်တယ်ဆိုတော့ ဘယ်အချိန်
လောက်ကတည်းက ဖြစ်နေတဲ့ ပြဿနာ
ပါလဲ။

ပြည်ထောင်စုက ဆုံးဖြတ်လိုက်တာ
ဖေဖောဝ်ါရီ ၁၃ ရက်နေ့မှာ တံတားဖွင့်ပွဲလုပ်
ရမယ်။ တံတားဖွင့်ပွဲမဟုတ်ဘူး နာမည်ကင်
ပွန်းတပ်ပွဲ။ ကျွန်တော်က အဲဒီမတိုင်ခင်က
တည်းက သိထားပြီးသား။ အဲဒီအချိန်မှာ
ပြဿနာပေါင်းစုံက တက်လာပြီ။ အဓိကက
ကျွန်တော် ဆုံးဖြတ်ချက်ပေးလိုက်တာ။ ဒီနေ့
လုံးဝမလုပ်ပါနဲ့။ ဖွင့်ပွဲကျမှ တစ်မျိုးစဉ်းစား
ပါ။ အများကောင်းတဲ့နာမည်ကို ညှိနှိုင်းပြီး
သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အဲဒါက
အဓိကပဲ။

ကျွန်တော်တို့သိထားချက်ကတော့ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း ရေးမှူး
အဖွဲ့ဝင် ဦးဥဏ်ဝင်း ဦးဆောင်တဲ့ အဖွဲ့
တစ်ခုလည်းရှိပါတယ်။ အဒဲါကတော့
ဝန်ကြီးချုပ်လည်း သိပြီးဖြစ်မှာပါ။ သူတို့
အဖွဲ့က တံတားနာမည်ပြဿနာမတိုင်ခင်
ကတည်းက သူတို့ရဲ့စစ်ဆေးတွေ့ရှိချက်
တွေအရ ဝန်ကြီးချုပ်မှာ အပြစ်ရှိတယ်လို့
ပြောတယ် ခင်ဗျ။ ဝန်ကြီးချုပ်ကို အဲဒီအဖွဲ့
က စစ်ဆေးသွားတာ ဘယ်လိုအပိုင်းတွေ
ဖြစ်မလဲ။ ပြောပြနိုင်သလောက် ပြောပြပေး
ပါခင်ဗျာ။

ဒါက ဘာမှပြဿနာမရှိတဲ့ဟာ။ ဒီကိစ္စနဲ့
ပတ်သက်လို့ အမေ (ဒေါ်အောင်ဆန်းစုကြည်)
နဲ့ ကျွန်တော်နဲ့လည်း တွေ့ပြီးပြီ။ ဘာမှ
ပြဿနာမရှိဘူး။ ကျွန်တော်တို့က သွားတိုင်း
သူ့အိမ်ကို ဝင်တယ်၊ ဘာမှ ပြဿနာမရှိဘူး။
ဒီကိစ္စမှာ အရေးယူလောက်တဲ့ပြဿနာမရှိ
ဘူး။ ဝန်ကြီးချုပ်တစ်ယောက်ဟာ ပေးအပ်တဲ့
တာဝန်ကို မကျေပွန်မှ သမ္မတက ဖြုတ်ခွင့်
ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှပြဿနာ
မရှိထားဘူး။ တစ်ခုခု ကျွန်တော်မှားပြီဆို
လည်း လွှတ်တော်က အဆိုတင်ပြီး ဖြုတ်လို့
ရတယ်။ အဲဒီဥပဒေတွေနဲ့ ကျွန်တော်တစ်ခုမှ
မငြိထားဘူး။ ဒါက ပါတီကိစ္စနဲ့ပဲ ငြိတာ။

ပါတီရဲ့ စစ်ဆေးတွေ့ရှိချက်နဲ့ အခု ဝန်ကြီး
ချုပ် နုတ်ထွက်တဲ့ကိစ္စက ဘယ်လိုမှ မသက်
ဆိုင်ဘူးဆိုတဲ့သဘောလားခင်ဗျ။

မဆိုင်ပါဘူး။

အထင်အမြင်လွဲနေတာပဲဖြစ်ဖြစ်၊ စွပ်စွဲချက်
တွေလို့ပဲဆိုဆို လူမှုကွန်ရက် စာမျက်နှာ
မှာလည်း ဝန်ကြီးချုပ် နုတ်ထွက်မယ့်ကိစ္စ
အပေါ် ဒွိဟဖြစ်နေကြပါတယ်။ အဲဒီထဲက
တစ်ချက်ကတော့ ဒီမွန်ပြည်နယ်က နာမည်
ကြီးခရိုနီတွေနဲ့ ဝန်ကြီးချုပ်ဟာ ဖက်လဲတ
ကင်း ပေါင်းသင်းနေတယ်ဆိုတဲ့အချက်ပါပဲ။
အဲဒီအချက်နဲ့ပတ်သက်ပြီးတော့ ဝန်ကြီး
ချုပ်မှာများ ပြောစရာရှိရင် ပြောပေးစေချင်
ပါတယ်။

အဓိကက ရိုးရိုးလေးကိစ္စနဲ့ အရင်တည်
တယ်။ ရိုးရိုးလေးဆိုရင် သူ့အလှူမှာ တစ်ခါပဲ
ထိုင်ဖူးတယ်။ နောက် မိုးကျော်။ သူတို့စလာ
ကတည်းက တိုက်တဲ့အကွက်တွေ။ ကျွန်တော့်
နားတောင်တစ်ခါမှကပ်မထိုင်ဖူးဘူး။ ဒါက
တော့ သူတို့စကတည်းက တိုက်တာ။တိုက်ချင်
တော့ တစ်ခုပြီးတစ်ခု ချနေတာလေ။ ဘယ်
ခရိုနီနဲ့ ဓာတ်ပုံတွဲရိုက်တာ မြင်ဖူးလဲ။ အဲဒီ
လောက်ဆို ရှင်းပါတယ်။ မီဒီယာက ကျွန်တော့်
နောက်မှာ အမြဲပါပါတယ်။

နောက်မေးခွန်းတစ်ခုကတော့ လုပ်ငန်းရှင်
တစ်ယောက်က ဝန်ကြီးချုပ်ကို ကားလက်
ဆောင်ပေးတယ်ဆိုတဲ့ပြဿနာပါ။ အဲဒါနဲ့
ပတ်သက်ပြီး ရှင်းပြပေးပါဦးခင်ဗျာ။

အဲဒီလေလံ (ကားလေလံ) ကျွန်တော်တို့
ကိုင်ခွင့်လည်း မရှိဘူး။ ကိုင်လို့လည်း မရဘူး။
ပြည်ထောင်စုနဲ့ဆိုင်တယ်။ ကျွန်တော့်မှာ
ကိုယ်ပိုင်ကားလည်း မရှိဘူး။ ဝယ်လည်း
မဝယ်ရဘူး။ ကျွန်တော့်မိသားစု ကိုယ်ပိုင်
ကားဝယ်တာ၊ ရောင်းတာလည်း လုံးဝမရှိ
ဘူး။ ကြိုက်သလို လာစစ်လို့ရတယ်။ ထွက်တဲ့
အချိန်မှာ ဒီစကားပြောတာ အဆိုးဆုံးပဲ။ ကျွန်
တော်က ရှင်းရှင်းပဲ ထွက်ချင်တယ်။ အဓိက
ပြဿနာက ဘာလဲဆိုတာ သူတို့မသိဘူးလေ။
အဲဒါကြောင့်မို့ ဒီစကားတွေ ပြောထွက်လာ
တာ။

ဘာကြောင့် ဝန်ကြီးချုပ်တာဝန်ကနေ အနား
ယူဖို့ ဆုံးဖြတ်ရတာလဲဆိုတဲ့ကိစ္စကို ဒီ့ထက်ပို
ရှင်းရှင်းလင်းလင်းမပြောပြပေမယ့် နိုင်ငံရေး
လောကကနေ အနားယူမယ့်ကိစ္စကိုတော့
ပြောပြနိုင်မယ်ထင်ပါတယ်ခင်ဗျာ။

ကျွန်တော် နိုင်ငံရေးလောကကနေ မနား
သေးပါဘူး။ ဒီလောကကနေပြီး နားမယ်
ပြောတာပါ။ ပြန်ကူညီသင့်တဲ့သူတွေရှိရင်
ပြန်ကူညီမယ်။ အခု ပါဝင်ပတ်သက်နေတဲ့သူ
တွေနဲ့ အဆက်ဖြတ်မယ်။ ကျွန်တော် နိုင်ငံ
ရေးလောကကနေ မနားဘူး။ နိုင်ငံရေးကို
ကြိုက်တဲ့အချိန် ကျွန်တော်ပြန်လုပ်မှာ။ နိုင်ငံ
ရေးလောကကနေ လက်ရှိပတ်သက်နေတဲ့သူ
တွေနဲ့ပဲ ကျွန်တော် အဆက်ဖြတ်မှာ။ အဲဒါ
လေး ကွဲကွဲပြားပြားရေးပေးပါ။ ကျွန်တော်
ပြန်ကူညီသင့်တဲ့သူတွေရှိရင် ကျွန်တော် ပြန်
ထွက်လာမယ်။ ဒါက ကျွန်တော် ၁၇ နှစ်အရွယ်
ကတည်းက လုပ်ခဲ့တဲ့အလုပ်တွေပါ။

ဝန်ကြီးချုပ်က အင်ဂျင်နီယာဘာသာရပ်နဲ့
ကျောင်းပြီးထားတာဆိုတော့ ဒီတစ်နှစ်အတော
အတွင်းမှာ မွန်ပြည်နယ်ထဲမှာ ဘယ်လိုတွေ
လုပ်ပေးခဲ့လဲ။

ပြောတော့ပြောပြချင်တယ်ဗျ။ ဆောက်
လုပ်ရေးလမ်းတွေ လိုက်ကြည့်ပါ။ စည်ပင်နဲ့
ပတ်သက်ပြီး မော်လမြိုင်မှာ ဘာရှိလဲဆိုတော့
စည်ပင်ကြီးသာ နာမည်ခံထားတယ်။ မော်လ
မြိုင် မြို့ကြီးတစ်ခုလုံးမှာ စည်ပင်ကားက
ဆယ်စီးကျော်ကျော်ပဲရှိတယ်။ အမှိုက်သိမ်း
ကား။ အဲဒါ အခုတင်ဒါတောင် ခေါ်ထားပြီး
သား။ ကားအစီး ၂ဝ နီးပါးလောက် ထပ်ဝယ်
ပြီးတော့ အမှိုက်သိမ်းစနစ်ကို စနစ်တကျလုပ်
ဖို့ အကုန်လုံး ပြင်ဆင်ထားပြီးသား။ မော်
လမြိုင် မိန်းလမ်းကြီး သွားကြည့်လိုက်၊ အကုန်
လုံးကောင်းနေပြီ။ အခုဆိုရင် နိုင်လွန်ကတ္တရာ
နဲ့ မြို့ဖောက်လမ်းကြီးကို ဒီရက်ထဲမှာ ခင်း
တော့မယ်။ ကျွန်တော် လုပ်သင့်လုပ်ထိုက်တာ
ကို အင်ဂျင်နီယာအမြင်နဲ့ အကုန်လုပ်ထား
ပြီးသား။ ဒါပေမဲ့ ကျွန်တော်မပြောလိုဘူး။
ထားတော့။ ကျွန်တော် ပြောနိုင်တာကတော့
ဒိလောက်ပါပဲ။
The Myanmar Times Daily

No comments:

Post a Comment