Latest News

Tuesday, February 21, 2017

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လက်သမားနှင့် ပန်းရန်သမားများကို ရွှေများပေးအပ်

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လက်သမားနှင့် ပန်းရန်သမားများကို ရွှေများပေးအပ်

နေပြည်တော်၊ ပျဉ်းမနားမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ၄င်း၏ မိတ်ဆွေစုံတွဲများနှင့်၎င်း၏စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် လက်သမားနှင့် ပန်းရန်သမားများကိုအခေါက်ရွှေများ ပေးအပ်ခဲ့ကြောင်း ထိုစီးပွားရေးလုပ်ငန်းရှင်၏ လူမှုရေးလုပ်ငန်းများကိုဆာက်ရွက်ပေးနေသူ ဦးအောင်ချိုက ပြောသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်ရှိ စိုးလျှပ်စစ်လုပ်ငန်းပိုင်ရှင်သည် ဒေသတွင်း အဆောက်အအုံနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တစ်ဦးချင်းငွေကြေးထောက်ပံမှု စသည့် လူမှုရေးလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိခြင်းဖြစ်ပြီး ယခုလ ၁၉ ရက်က ပျဉ်းမနားမြို့ရှိ ၄င်း၏ မိတ်ဆွေစုံတွဲများမှ အိမ်ရှင်မ၁၃ ဦးကို အခေါက်ရွှေနှစ်ကျပ်သားစီနှင့် ၄င်း၏ အလုပ်များကို ဝိုင်းဝန်းလုပ်ကိုင်ပေးနေသည့် လက်သမားနှင့် ပန်းရန်သမားတစ်ဦးကို ရွှေငါးကျပ်သားစီ ပေးအပ်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

''ဟုတ်ပါတယ်ခင်ဗျ။ ရွှေနှစ်ကျပ်သားစီပေးပါတယ်။ မနေ့က ၁၃ ဦးပေးပြီးပါပြီ။ နောက်ပြီးတော့ သူ့အလုပ်ကိုဝိုင်းကူလုပ်ပေးတဲ့ လက်သမားတစ်ဦးနဲ့ ပန်းရန်သမားတစ်ဦးတို့ကိုလည်း ရွှေငါးကျပ်သားစီပေးခဲ့ပါတယ်'' ဟု ဦးအောင်ချိုက မြန်မာတိုင်း(မ်)ကို ယခုလ ၂ဝ ရက်က ပြောသည်။

စိုးလျှပ်စစ်လုပ်ငန်းပိုင်ရှင်မှာ ဦးစိုးတင့်ဖြစ်ပြီး ၄င်းသည် ယခင်ကပင် ပျဉ်းမနားမြို့ရှိကမ်းနား အခြေခံအထက်တန်းကျောင်းခွဲအထပ်မြင့်အဆောက်အအုံများ တည်ဆောက်ပေးခြင်း၊ ဓမ္မာရုံများ တည်ဆောက်ပေးခြင်းစသည့် လူမှုရေးလှူဒါန်းမှုများ ပြုလုပ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် နေပြည်တော် ငလိုက်ချောင်းတံတား တည်ဆောက်ပေးရန်နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းပြီး ကျေးရွာလမ်းများခင်းပေးခြင်း၊မြို့တွင်းရေမြောင်းများ တူးဖော်ပေးခြင်း၊သောက်ရေသန့်တွင်းများ တူးပေးခြင်း စသည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် စိုး လျှပ်စစ်ဖောင်ဒေးရှင်းကို တည်ထောင်ပြီး အများအကျိုးဆောင်ရွက်နိုင်ရန် ဒေသခံများကိုလည်းဖိတ်ခေါ်ထားကြောင်း သိရသည်။

The Myanmar Times

No comments:

Post a Comment