Latest News

Tuesday, February 14, 2017

မေတ္တာနဲ့နားထောင်ပေးပါမယ်

မေတ္တာနဲ့နားထောင်ပေးပါမယ်
=============================
ကျမကို ရင်ဖွင့်ပြောဆိုချင်တဲ့ မိတ်ဆွေတွေအတွက် ကျမမှာ အစီစဉ်တစ်ခု ရှိပါတယ်။
အဲဒါကတော့ စနစ်တကျနဲ့ အချိန်ပေးပြီး မေတ္တာနဲ့နားထောင်ပေးခြင်းပါပဲ။

ဖုန်းနဲ့ရင်ဖွင့်လိုသူတွေအတွက်လည်း ရက်သတ်မှတ်ပေးထားပါမယ်။
အင်္ဂါနေ့ နေ့လည် ၁ နာရီကနေ ညနေ ၅နာရီထိ အပတ်စဉ် နားထောင်ပေးပါမယ်။ လာမဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ စတင်ပါမယ်ရှင်၊ မက်ဆေ့ခ်ျကနေ ကြိုတင် တွေ့ဆုံခွင့်တောင်းထားလို့ရပါတယ်ရှင်။

လူကိုယ်တိုင်တွေ့ဆုံပြီး ရင်ဖွင့်ပြောကြားလိုသူများအတွက်  သောကြာနေ့ နေ့လည် ၁ နာရီကနေ ၅နာရီထိ ကျမရဲ့ရုံးခန်းမှာ လာရောက်တွေ့ဆုံနိုင်ပါတယ်။ လာမဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့ကနေ စတင်ပါမယ်။ လူကိုယ်တိုင် တွေ့ဆုံမှုအတွက်လည်း မက်ဆေ့ခ်ျကနေ ကြိုတင် တွေ့ဆုံခွင့်တောင်းထားလို့ရပါတယ်ရှင်။

ကျန်ရက်များမှာတော့ကျွန်မရဲ့အလုပ်ချိန်များဖြစ်နေတဲ့အတွက် ဖုန်းနှင့်နားထောင်ပေးခြင်း၊ လူကိုယ်တိုင်တွေ့ဆုံပေးခြင်းများ ပြုလုပ်ရန်အတွက် အချိန်အခက်အခဲရှိပါတယ်။ ဒါကြောင့် ရင်ဖွင့်လိုသူများအနေနဲ့ ဒီအစီစဉ် ၂ ရပ်ထဲမှာသာ ပါဝင်ပေးပါလို့မေတ္တာရပ်ခံပါတယ်ရှင်။

မေတ္တာဖြင့် နားထောင်ပေးခြင်းဖြစ်တဲ့အတွက် အခကြေးငွေပေးရန်မလိုပါ။
ကျေးဇူးတင်ပါတယ်ရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment