မန္တလေးမနော်ရမ္မံဥယျာဉ်ဘက်ခြမ်းတွင် လူငယ်သင်္ကြန် ကျင်းပခွင့်ပြုမည်
၂၀၁၇ မန္တလေးမဟာ သင်္ကြန်ပွဲတော်တွင် ချမ်းအေး သာစံမြို့နယ် ၆၂ လမ်းတစ် လျှောက် မနော်ရမ္မံဥယျာဉ်ဘက် ခြမ်း၌ မဏ္ဍပ်များဆောက်လုပ်ခွင့် ပြုပြီး လူငယ်သင်္ကြန်ပြုလုပ်မည် ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီဝင် (၁) ဦး ကျော်ရင်မြင့်ကပြောကြားသည်။
နှစ်စဉ်မဟာသင်္ကြန်ပွဲတော် ၌ ကျုံးဘေးတွင် မဏ္ဍပ်အမြင့် များဆောက်လုပ်မှုကြောင့် ကျုံး မြို့ရိုးကို ကွယ်နေသဖြင့် မဏ္ဍပ် ကြီးများဆောက်လုပ်ခွင့် ပြုမည် မဟုတ်ဘဲ ၆၂ လမ်း၊ မနော်ရမ္မံ ဥယျာဉ်အနီးတွင် လူငယ်သင်္ကြန် အဖြစ် ကျင်းပမည်ဖြစ်သည်။
‘‘ကျုံးတောင်ဘက်ခြမ်းမှာ ကတော့ ကားတွေ၊ ဆိုင်ကယ် တွေ ဘာမှဝင်ခွင့်ပြုမှာမဟုတ်ပါ ဘူး။ မဏ္ဍပ်ရေအတွက်တော့ ကန့်သတ်ထားမယ်။ လောလော ဆယ် သေချာအစီအစဉ်တော့ မ လုပ်ထားသေးဘူး။ မနော်ရမ္မံ ဘက်မှာ လူငယ်တွေအတွက် ကြိုက်သလို မဏ္ဍပ်ဆောက်နိုင် မယ်။ ဖျော်ဖြေရေးတွေ ထည့်နိုင် မယ်။ အ၀တ်အစားဝတ်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ထားတာ မရှိပါဘူး။ ကြိုက်သလိုဝတ်ခွင့်ရှိ ပါတယ်’’ဟု ကော်မတီဝင်(၁) ဦး ကျော်ရင်မြင့်ကပြောသည်။
မန္တလေးကျုံးတောင်ဘက် ၂၆ လမ်းတွင် ကား၊ ဆိုင်ကယ် ၀င်ခွင့် ကန့်သတ်မည်ဖြစ်ကာ မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမဏ္ဍပ်၊ တပ်မ တော်က ဆောက်မည့် မဏ္ဍပ်အ ကြီးတို့သာ ထားရှိမည်ဖြစ်ကာ ပေ ၃၀ ရှိ ရေကစားမဏ္ဍပ်လေး များသာ ခွင့်ပြု၍ လမ်းလျှောက် သင်္ကြန်ပြုလုပ်မည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။
‘‘လူငယ်တွေအတွက် ဒီလို မျိုးလုပ်ပေးမယ်ဆိုတော့ ပျော်ပါ တယ်။ ကျွန်မတို့ကလည်းသင်္ကြန် ဆို ဒီဂျေတို့၊ ပါဘာတို့နဲ့ ကခုန် တာ၊ ပျော်တာမှာ အသားကျလာ ပြီလေ။ တစ်ခုပါပဲ။ အပျော်မ လွန်ဖို့ပါပဲ။ အပျော်ကနေ အပျက် မဖြစ်ဖို့ပါပဲ။ အစကတော့သင်္ကြန် ကို အရင်နှစ်တွေလို လုပ်ခွင့်မပေး တော့ဘူးဆိုတော့ စိုးရိမ်နေတာ’’ ဟု ရတနာပုံတက္ကသိုလ် တတိယ နှစ်ကျောင်းသူတစ်ဦးက ပြော သည်။
မန္တလေးသင်္ကြန် မြို့တော် စည်ပင်သာယာရေးကော်မတီ မဏ္ဍပ်တွင် အနုပညာရှင်များကို ငွေကြေးအကုန်အကျခံ၍ ခေါ်ယူ မည်မဟုတ်ဘဲ အသုံးစရိတ်ကို ယခင်နှစ်ထက် လျှော့ချမည်ဟု ဆိုသည်။
7Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment