Latest News

Friday, February 17, 2017

မွေးနေ့မှာ ကိတ်မုန့်ပေါ် ဖယောင်းတိုင်ထွန်းပြီး မီးမှုတ်ကြတဲ့ အကြောင်းရင်း

မွေးနေ့မှာ ကိတ်မုန့်ပေါ် ဖယောင်းတိုင်ထွန်းပြီး မီးမှုတ်ကြတဲ့ အကြောင်းရင်း

မွေးနေ့ရောက်တိုင်း ကိတ်မုန့်လှလှလေးတစ်လုံးကို ဖယောင်းတိုင်စိုက်မယ်၊ မီးထွန်းမယ်၊ မွေးနေ့ရှင်ကို ဟတ်ပီးဘတ်ဒေး သီချင်းဆိုပြီး ဆုတောင်းပေးကြမယ်၊ မွေးနေ့ရှင်က ဆုတစ်ခုတောင်းပြီး ဖယောင်းတိုင်မီးမှုတ်လိုက်တယ်။

ဖယောင်းတိုင်ကို ကိုယ့်အသက်နဲ့ ကွက်တိ အသက် (၂၀) ဆို ဖယောင်းတိုင (၂၀) စိုက်ကြတယ်။ အချောင်း (၂၀) အပြင် တကယ်က နောက်လာမယ့်နှစ်အတွက် ဆုတောင်းအဖြစ် အလယ်မှာ ဖယောင်းတိုင်တစ်ချောင်း ထပ်စိုက်ပေးရတယ်။ ဘာလို့လဲဆိုတော့ ဒီဖယောင်းတိုင်က မီးတွေက ကောင်းကင်ကြီးမှာ ရှိတဲ့ လရဲ့ တောက်ပမှုလင်းထိန်မှုကို ကိုယ်စားပြုပါတယ်။

ဆုတောင်းတစ်ခုပြုပြီး မီးတွေ မှုတ်လိုက်တဲ့အခါ ထွက်လာတဲ့ မီးခိုးငွေ့တွေက ဆုတောင်းတွေအဖြစ် ဟိုးကောင်းကင်ထိတက်သွားပြီး ဂရိနတ်ဘုရား အာတီမစ်ဆီ ရောက်သွားတယ်လို့ အယူအဆရှိကြပါတယ်။ ဒီဓလေ့က ဂရိ၊ ရောမ တို့ဆီက ရွေ့လျောလာပြီး ခရစ်ရှန် ဂျာမန် (Chirstian German) လူမျိုးတွေက တစ်ဆင့် ဆင်းသက်လာတယ်လို့ ဆိုပါတယ်။

ဂျာမန်တွေက ကလေးလေးတစ်ယောက်မွေးတဲ့အခါမှာ ပိုင်မုန့် (Pie) အကြီးကြီး မီးဖုတ်ပြီး ရွာသူရွာသားတွေကို ဝေမျှကျွေးလေ့ရှိကြပါတယ်။ အလှူသဘောမျိုးပေါ့။ မကျွေးခင်မှာ ကလေးရဲ့ အသက်ကို ကိုယ်စားပြုတဲ့ အလင်းရောင်အတွက် ဖယောင်းတိုင် တစ်ချောင်းကို စိုက်လိုက်ပါတယ်။ မွေးပြီးနောက်နှစ် ဒီလိုနေ့အထိ ကလေးလေး ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒပြည့်ဝစေဖို့ ဆုတောင်းအတွက် နောက်ထပ် ဖယောင်းတိုင်တစ်တိုင်ထပ်စိုက်ပါတယ်။ ဒီ ဖယောင်းတိုင် (၂) ချောင်းကို တစ်နေကုန် မီးထွန်းထားစေပြီး ကုန်သွားတာနဲ့ အသစ်တစ်ခု ပြန်စိုက်ပါတယ်။

ညကျတော့မှ ကလေးက မီးတွေကို မှုတ်လိုက်ပြီး ဆုတစ်ခုတောင်းရင် ပြည့်စေတယ်လို့ အယူရှိပါတယ်။ ဖယောင်းတိုင် မှုတ်ခြင်းဖြင့် လွင့်ပျံတက်သွားတဲ့ အငွေ့တွေက ကောင်းကင်က နတ်ဘုရားဆီသို့ မိမိတို့ရဲ့ ဆုတောင်းသံများ သယ်ဆောင်သွားပေးသွားတယ်လို့ အယုံအကြည်ရှိကြပါတယ်။ ဒါဆိုရင် မွေးနေ့ရောက်တဲ့အခါ ဖယောင်းတိုင်တွေကို သင့်အသက်ထက် တစ်ချောင်းပိုပြီး စိုက်ရမယ်လို့ ဆိုနေသလိုပါပဲ။ ဘာပဲဖြစ်ဖြစ်ပါ မွေးနေ့မှာ မွေးနေ့ကိတ်ခွဲပြီး ဖယောင်းတိုင်မှုတ်တဲ့ အလေ့အထကတော့ တော်တော်ကို ချစ်စရာကောင်းတဲ့ ဓလေ့လို့ ထင်ပါတယ်။
Credit : duwun

No comments:

Post a Comment