APPLE STORE မှာ ကိုယ်ဝန်ဆောင်ထရမ့်ကို ပူတင်က ပွေ့ ဖက်ထားပုံ ကြော်ငြာ
Valentine’s Day သမိုင်း မှာ အန္တရာယ်အကြီးဆုံး ပြကွက်လို့ ပြောရမှာပါ။ Valentine’s Day နေ့ မှာ နယူးယော့်ခ်မြို့ တော်မှာရှိတဲ့ နာမည်ကျော် Apple Store ဆိုင်ကို ရောက်လာတဲ့ ဈေးဝယ်သူများဟာ အဝတ်ဗလာ ကင်းနေတဲ့ ကမ္ဘာ့ပါဝါအကြီးဆုံးနိုင်ငံရေးခေါင်းဆောင်နှစ်ဦး အကြည်ဆိုက်နေတဲ့ ပုံကို ဖန်တီးတင်ဆက်ထားတဲ့ ဧရာမပုံရိပ်ကြီးတစ်ခုကို တွေ့ ရှိခဲ့ရပါတယ်။ဒီထဲမှာ ကိုယ်ဝန်ဆောင်ထားတဲ့ အမေရိကန်သမ္ပတဒေါ်နယ်ထရမ့်ကို ရုရှားနိုင်ငံတော်သမ္ပတ ဗလာဒီမာ ပူတင်မှ အနောက်ကနေ တယုတယ ပွေ့ ဖက်ထားတာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ က ချယ်လ်ဆီးအရပ်မှာ ရှိတဲ့ ၁၅ လမ်းနဲ့ Ninth ရိပ်သာလမ်းထောင့်မှာ ဒီပုံကို ပရော်ဂျက်တာနဲ့ ထိုးပြထားတာပါ။ ဒီပုံကို ဈေးကွက်အရောင်းမြှင့်တင်ရေး အဆန်းထွင်မှုတစ်ရပ်အဖြစ် လက်တွဲဖော်ရှာ အက်ပလီကေးရှင်းတစ်ခုဖြစ်တဲ့ Hater ကုမ္ပဏီမှ တင်ဆက်ထားတာ ဖြစ်ပါတယ်။
ဒီဖန်တီးချက်ကို အားလုံး ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်နိုင်ဖို့ ရည်ရွယ်ပြီးလုပ်ခဲ့တာ ဖြစ်သလို အမုန်းတရားမှသည် ချစ်ခြင်း မေတ္တာဆီသို့ အားလုံးပြောင်းလဲနိုင်အောင် ကြိုးစားတာ ဖြစ်တယ်လို့ လည်း Hater ရဲ့ အမှုဆောင်အရာရှိချုပ် ဘရန်ဒန်အယ်လ်ပါ က ပြောပြပါတယ်။ဒီပုံကြီးရဲ့ အောက်မှာ အသည်းပုံလိုဂိုကို ပြောင်းပြန်ထားပြီး ကုမ္ပဏီရဲ့ဆောင်ပုဒ်ဖြစ်တဲ့ အမုန်းမှသည် ချစ်ကြပါစို့ ဆိုတဲ့ စာသားကိုပါ ရေးထားပါတယ်။
Apple အနေနဲ့ သူ့ ရဲ့ အဆောက်အဦဘေးနံရံမှာ အခုလို ပုံကို တင်ဆက်ဖို့ Hater ကို ခွင့်ပြုချက်ပေးခဲ့သလားဆိုတာ မသိရသေးပါဘူး။ အရေးကြီးဆုံးအချက်က Apple ဟာ သမ္မတစ်ဒေါ်နယ်ထရမ့်နဲ့ ဆိုးဝါးကြမ်းတမ်းတဲ့ ဆက်ဆံရေးရှိထားတဲ့ ကုမ္ပဏီကြီးတစ်ခု ဖြစ်ပြီး သမ္မတရွေးကောက်ပွဲကာလမှာလည်း ထရမ့်ကို ဆန့် ကျင်ခဲ့ပါတယ်။ရွေးကောက်ပွဲပြီးနောက် Apple ရဲ့ CEO ဖြစ်တဲ့ တင်မ်ကွတ်ခ်ဟာ ထရမ့်ရဲ့နည်းပညာဆွေးနွေးပွဲကို တက်ရောက်ခဲ့ပြီး ထရန့် ရဲ့ သမီး အိုင်ဗန်ကာ ထရန့် နဲ့ သူ့ ယောင်္ကျား ဂျာရတ် ကုရှ်နာ တို့ နဲ့ လည်း ညစာစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ကွတ်ခ်ဟာ ထရမ့်ရဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒကိုလည်း ကန့် ကွက်ဝေဖန်ခဲ့ပါတယ်။
READ ပူတင်၏ အဓိက အတိုက်အခံတစ်ဦး အဆိပ်ခတ်ခံရသည်ဟု ယူဆရသော အခြေအနေကြောင့် ကိုမာဝင် မေ့မြောနေ
Hater ဟာ ထရန့် နဲ့ ပူတင်တို့ စုံတွဲပုံ တင်ဆက်မှုကို Apple Store မှာတင်မကဘဲ မြေအောက်ရထားဘူတာရုံ မှတ်တိုင်နားက CVS ဆေးဆိုင်နားနဲ့ ဘရွတ်ကလင်းမှာရှိတဲ့ အဆောက်အဦတစ်လုံးရဲ့ ဘေးနံရံမှာလည်း တင်ဆက်ခဲ့ပါသေးတယ်။ Hater ဟာ ဒီတစ်ပတ်ထဲမှာ Tinder လို လက်တွဲဖော်ရှာ iOS datingအက်ပ်များနဲ့ ပေါင်းပြီး iOS မှာ dating app များကို သုံးရမယ့် ပုံစံကို ညှိနှိုင်းခဲ့ပါတယ်။ တစ်ခြား အက်ပလီကေးရှင်းနဲ့ မတူတာကတော့ Hater ဟာ ကိုယ်မနှစ်သက်တဲ့ အချက်တွေကို ဖော်ပြပြီး လက်တွဲဖော်ရှာရတာပါ။ တကယ်လို့ ကိုယ်မုန်းတဲ့အရာတွေကို အလားတူ မုန်းတဲ့သူရှိရင် သူနဲ့ ဒိတ်လုပ်ဖို့ အဆင်ပြေမှာ ဖြစ်ပါတယ်။ Hater အက်ကို လက်ရှိသုံးနေကြသူ ၂ သိန်းရှိပြီး ဒီထဲက ၈၀%ဟာ ဒေါ်နယ်ထရမ့်ကို မကြိုက်သူတွေ ဖြစ်နေပါတယ်။ဒါကတော့ dating app တွေရဲ့ ကြောင်ကွက်လေးတွေ ဖြစ်ပါတယ်။
Hater ရဲ့ စတန့် ပြကွက်နဲ့ ပတ်သတ်ပြီး သမ္မတနှစ်ဦးဆီမှ ဘာမှတ်ချက်မှ မကြားရသေးပါဘူး။
Source: CultofMac : duwun
Friday, February 17, 2017
APPLE STORE မှာ ကိုယ်ဝန်ဆောင်ထရမ့်ကို ပူတင်က ပွေ့ ဖက်ထားပုံ ကြော်ငြာ
APPLE STORE မှာ ကိုယ်ဝန်ဆောင်ထရမ့်ကို ပူတင်က ပွေ့ ဖက်ထားပုံ ကြော်ငြာ
Reviewed by Ar Ti
on
12:38 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment