Latest News

Tuesday, February 21, 2017

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစတင်ဖြေဆို

စတုတ္ထတန်းနှင့် အဋ္ဌမတန်း စာမေးပွဲစတင်ဖြေဆို



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

အခြေခံပညာအဆင့် စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲကို ယနေ့ (ဖေဖော်ဝါရီလ ၂၂ ရက်) နံနက် ၉ နာရီမှစ၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း စတင်ဖြေဆိုလျက်ရှိသည်၊၊

စာမေးပွဲ ပထမဆုံးနေ့တွင် မြန်မာစာ ဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်၊၊ စတုတ္ထတန်းတွင် ကျောင်းသား၊ ကျောင်းသူ ကိုးသိန်းကျော်၊ အဋ္ဌမတန်းတွင် ကျောင်းသားကျောင်းသူ ခြောက်သိန်းကျော်ရှိကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရှိရသည်၊၊

စာမေးပွဲ အောင်စာရင်းများကိုမူ ယခင်နှစ်များထက် ငါးရက်ခန့် နောက်ကြ၍ ဧပြီလ ၂၃ ရက်တွင် ထုတ်ပြန်ရန် ပညာရေးဝန်ကြီးက ပြောကြားထားသည်၊၊ အအောင်၊ အရှုံးကို အမှတ်စနစ်အစား Grade A, B, C, D ဖြင့်ထုတ်ပြန်မည်ဖြစ်သည်၊၊

ရမှတ် ၁၀၀ မှ ၈၀ အထိ Grade “A”၊ ရမှတ် ၆၀ မှ ၇၉ အထိ Grade “B”၊ ရမှတ် ၄၀ မှ ၅၉ အထိ Grade “C”၊ ရမှတ် ၄၀ အောက်ကို Grade “D”အဖြစ် သက်မှတ်ပြီး စုပေါင်း Grade သက်မှတ်ချက်ကို ဘာသာရပ် အားလုံးပေါင်း ရမှတ်ကို စုပေါင်းပျမ်းမျှရှာ၍ Grade သတ်မှတ်သည်။

သို့ရာတွင် ဘာသာတစ်ခုချင်းစီအလိုက် Grade သတ်မှတ်ရာက တစ်ဘာသာ Grade “D” အဆင့်ရလျှင် Grade “D” အဖြစ်သာရမည်ဖြစ်သည်။ (ဥပမာ-ဘာသာရပ် ၆ ခုရှိ၍ ၅ ဘာသာတွင် Grade A ရပြီး ကျန်တစ်ဘာသာတွင် Grade D ရလျှင် ပျမ်းမျှရှာရာတွင်လည်း Grade D သာရမည်ဖြစ်သည်။)

The Voice

No comments:

Post a Comment