Latest News

Tuesday, February 21, 2017

လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထား သဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက် မွေးစားထား

လမ်းမဘေး၌ ရက်သားအရွယ်ကလေးငယ်တစ်ဦး စွန့်ပစ်ထား သဖြင့် ကျေးရွာဒေသခံပြည်သူတစ်ဦးမှ စောင့်ရှောက် မွေးစားထား

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငါးသိုင်းချောင်းမြို့ အောင်ဆန်းရပ်ကွက် ဆွဲလဲကုန်းကျေးရွာ ပုသိမ်-မုံရွာ ကားလမ်းမကြီးဘေးမိုင်တိုင်အမှတ်၅၆/ဝ နှင့် ၅၆/၁ ကြား၌ ၁၉-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခွဲအချိန် ရက်သား အရွယ် ကလေးငယ်(မ)တစ်ဦး (အသက်ရှင်လျှက်) စွန့်ပစ်ထားသည်ကို အဆိုပါကျေးရွာတွင်နေထိုင်သူ ဒေါ်အေးမြခိုင် ၁၄/ငသခ(နိုင်)၁၀၁၃၂၅ အသက်(၄၃)နှစ်မှ တွေ့ရှိရသဖြင့် သက်ဆိုင်ရာသို့သတင်းပေးပို့လျှက် လတ်တလော စောင့်ရှောက် မွေးစားထားကြောင်း သိရှိရသည်။


ဆက်လက်၍ ၂၀-၂-၂၀၁၇ ရက်နေ့ ည ၇ နာရီခန့်တွင် ငါးသိုင်းချောင်းမြို့ ပြည်သူ့ဆေးရုံသို့လာရောက်၍ ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာ မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ပြည်သူ့ဆေးရုံရှိ တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများက အဆိုပါ ကလေးငယ်အား လိုအပ်သောကျန်းမာရေး စစ်ဆေးချက် များ ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးထားကြောင်း သိရှိရသည်။

အဆိုပါကလေးငယ်မှာ ကိုယ်အလေးချိန် (၁ဒဿမ၅) ကီလိုဂရမ်ရှိပြီး မွေးစမှ ခန့်မှန်း ၅ ရက်အတွင်း စွန့်ပစ် ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ သင့်တင့်သော အခြေအနေ၌ ရှိကြောင်း ဆေးစစ်ချက် မှတ်တမ်းများအရ သိရှိရပြီး လတ်တလော စောင့်ရှောက်မွေးစားထားသူ ဒေါ်အေးမြခိုင်မှ ဆက်လက် စောင့်ရှောက်မွေးစားရန် အစီအစဉ် ရှိကြောင်း ပြောကြားထားကြောင်း သတင်းရရှိပါသည်။

စိုးမင်းဦး(ပြန်/ဆက်)
Myanmaalinn

No comments:

Post a Comment