ဆေးဆိုင်များတွင်ယခုနှစ်ချစ်သူများနေ့အတွက် လိင်စိတ်ကြွဆေးများ
မရောင်းချရန် စစ်ဆေးမှုများရဲတပ်ဖွဲ့စတင်
လာမည့်ဖေဖေါ်ဝါရီ ၁၄ ရက် ချစ်သူများ နေ့တွင် လူငယ်များ အပျော်လွန်ကျူး၍ လမ်းမှားမရောက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆေး ဆိုင်များတွင် လိင်စိတ်ကြွဆေးများ ရောင်းချမှု မပြုရန် မြန်မာနိုင်ငံရဲတပ် ဖွဲ့က ဖေဖော်ဝါရီ ၁၀ ရက်က စတင်သတိပေး စစ်ဆေးမှုများပြုလုပ်ခဲ့သည်။
''ဆေးဆိုင်တွေကို ပထမဆုံး တစ်ကြိမ်မှာ သတိပေးမယ်၊ နောက်တစ်ကြိမ် ဆိုရင် ကျန်းမာရေးဝန်ကြီးဌာနက၀န်ထမ်းတွေနဲ့ပါ ပူးပေါင်းပြီးတော့စစ်ဆေး မယ်၊အဲ့ဒီအကြိမ် ဆိုရင်တော့သတ်မှတ်ချက်နဲ့ မညီတဲ့ဆေးတွေ လိင် စိတ်ကြွဆေးတွေ စစ်ဆေးတွေ့ရှိတာ နဲ့ အရေးယူမှု တစ်ခါတည်း ပြုလုပ် မယ်''ဟုဆေးဆိုင်များစစ်ဆေးသည့်အဖွဲ့တွင် ပါဝင်သောကျောက်တံတားမြို့နယ် ရဲစခန်းမှ နယ်ထိန်းအရာရှိ ရဲအုပ်အောင်ဇော်ဝင်းက ပြည်မြန်မာသို့ပြောသည်။
ယခုအခါ မြို့နယ် အသီးသီးရှိဆေးဆိုင်များကို ပညာပေးကာလအဖြစ်သတ်မှတ် ၍လိုက်လံ စစ်ဆေးသတိပေး မှုများ ပြုလုပ်ပေးနေပြီး ပညာပေးကာလအလွန် တွင်အရေးယူမှုပြုလုပ်မည် ဖြစ်ကြောင်းသိရသည်။
Sources : သတင်း ၊ ဓါတ်ပုံ - လ၀န်း ( ပြည်မြန်မာ )
Friday, February 10, 2017
ဆေးဆိုင်များတွင်ယခုနှစ်ချစ်သူများနေ့အတွက် လိင်စိတ်ကြွဆေးများ မရောင်းချရန် စစ်ဆေးမှုများရဲတပ်ဖွဲ့စတင်
ဆေးဆိုင်များတွင်ယခုနှစ်ချစ်သူများနေ့အတွက် လိင်စိတ်ကြွဆေးများ မရောင်းချရန် စစ်ဆေးမှုများရဲတပ်ဖွဲ့စတင်
Reviewed by Ar Ti
on
11:52 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment