Latest News

Friday, February 10, 2017

ရန်ကုန်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တွင် ပြည်သူကိုယ်စားပြု ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း အီတလီပညာရှင်တစ်ဦး အကြံပြု

ရန်ကုန်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့တွင် ပြည်သူကိုယ်စားပြု ကော်မတီတစ်ရပ် ဖွဲ့စည်းသင့်ကြောင်း အီတလီပညာရှင်တစ်ဦး အကြံပြု


YBS စနစ်ကို ဖော် ဆောင်နေသည့် ရန်ကုန်တိုင်းဒေ သကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ တွင် ပြည်သူကို ကိုယ်စားပြုသည့် လူပုဂ္ဂိုလ်များ ပါဝင်သော ကော်မတီတစ်ရပ် ထည့်သွင်းသင့် ကြောင်း အီတလီနိုင်ငံမှ မြို့ပြ သယ်ယူပို့ဆောင်ရေးပညာရှင်က အကြံပြုပြောကြားသည်။


 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အထက်ပါပညာရှင် ပါမောက္ခ ခရစ်စတီးနားပရိုနယ်လိုတို့ ဖေ ဖော်ဝါရီ ၁၀ ရက် နံနက်က တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ခရီးသွားများ၏ အခက်အခဲ နှင့် လိုအပ်ချက်များကို အစိုးရထံ ကိုယ်စားပြု ပြောကြားနိုင်မည့်သူ များ ကော်မတီတွင် ထည့်သွင်း ထားခြင်းဖြင့် သတင်းအချက်အ လက်များကို မြန်မြန်ဆန်ဆန် သိရှိ၍ ပြုပြင်မှုများ ပိုမိုထိရောက် အောင် ဆောင်ရွက်နိုင်မည်ဟု ၎င်းကပြောသည်။

 ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် လိုအပ်သည့် အကူအညီများ ပေးအပ်ရန် အီတလီနိုင်ငံ တူရင်မြို့ ဒုတိယ မြို့တော်ဝန် ဦးဆောင်သောအဖွဲ့ သည် ရန်ကုန်မြို့သို့ ရောက်ရှိလာ ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တွေ့ဆုံ၍ ကနဦး အကြံဉာဏ်များ ပေးအပ်ရာတွင် ယင်းကိစ္စလည်း ပါဝင်ခဲ့သည်။

 ‘‘အီတလီနိုင်ငံမှာဆိုရင် လည်း လုပ်ငန်းကဏ္ဍကို အဆုံး အဖြတ်ပေးနိုင်မယ့်အဖွဲ့အောက်မှာ သယ်ယူပို့ဆောင်ရေးနဲ့ နည်းပညာပိုင်းကျွမ်းကျင်တဲ့ ပညာရှင်တွေ မြို့နယ်တစ်ခုချင်းအလိုက် ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး ခရီးသွားပြည်သူတွေ အခက်အခဲကို ဖြေရှင်းဆောင်ရွက်ပေးနေတယ်။ အဲဒီလိုလုပ်ခြင်းအားဖြင့် ပြည်သူ တွေရဲ့ အခက်အခဲကို ကိုယ်စား ပြုတင်ပြနိုင်စေမှာဖြစ်သလို ပြည် သူတွေရဲ့ ယုံကြည်အားကိုးမှုကို လည်း ပိုမိုရရှိစေပါတယ်’’ဟု ပရော်ဖက်ဆာ ခရစ်စတီးနားပရို နယ်လိုက ပြောကြားသည်။

‘‘ကျွန်မတို့ဘက်က အကြံ ပြုချက်သာ ပေးလိုက်တာပါ။လုပ် ဆောင်ခြင်း၊ မလုပ်ဆောင်ခြင်းက တာဝန်ရှိသူတွေရဲ့ သဘောဆန္ဒ ပါပဲ။ ၀န်ကြီးကတော့ ဒီအချက် ကို မှတ်ထားမယ်ပြောပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ထိုသို့ ကော်မတီတစ်ရပ် ထပ်မံဖွဲ့စည်းရန် အစိုးရအဖွဲ့က ယခုအချိန်ထိ ညှိနှိုင်းဆွေးနွေး ထားရခြင်း မရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာ ဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦး ကဆိုသည်။

 ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကို ၂၀၁၆ ဇူလိုင် ၇ ရက်တွင် ဖွဲ့စည်း ခဲ့သည်။

ယင်းအဖွဲ့တွင် တိုင်းဒေသ ကြီးဝန်ကြီးချုပ်က နာယက၊ စက် မှုလက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက ဒုဥက္ကဋ္ဌ တာဝန်ယူ ၍ သယ်ယူပို့ဆောင်ရေးကဏ္ဍမှ ပညာရှင်များဖြင့် ပေါင်းစပ်ဖွဲ့ စည်းထားခြင်းဖြစ်သည်။

အီတလီနိုင်ငံ တူရင်မြို့မှ ဒုတိယမြို့တော်ဝန် ဦးဆောင် သောအဖွဲ့သည် ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေး ကဏ္ဍအ တွက် ခရီးသွားပြည်သူများအခက် အခဲကို ရေးသားတင်ပြနိုင်ပြီး ခရီး သည်များ သွားလာမှုအခြေအနေ များကို အချက်အလက်စုဆောင်း သိရှိနိုင်မည့် အက်ပလီကေးရှင်း တစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

YBS စနစ်သည် တစ်လကြာ မြင့်လာပြီဖြစ်သော်လည်း လက်ရှိ အချိန်ထိ ခရီးသည်အများစုသည် ဘတ်စ်ကားရှားပါးခြင်း၊ ခရီးလမ်းကြောင်း အဆင်မပြေခြင်း၊ညပိုင်း တွင် တရားမ၀င် ပြေးဆွဲသည့် အောက်ဆိုက်ကားများကို အား ထားစီးနင်းနေရခြင်းများ ရှိနေဆဲဖြစ်သည်။

Sources : 7Day News Journal

No comments:

Post a Comment