Latest News

Thursday, February 9, 2017

ဦးပိန်တံတားပြင်ဆင်ဖို့ တိုင်းအစိုးရ တရားဝင်ခွင့်ပြုမိန့် ထုတ်ပြန်

ဦးပိန်တံတားပြင်ဆင်ဖို့ တိုင်းအစိုးရ တရားဝင်ခွင့်ပြုမိန့် ထုတ်ပြန်

တောင်သမန် (ဦးပိန်) တံတားကို ၁၉၄၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်

အထိ ပြုပြင်မှု ၁၂ ကြိမ်လုပ်ခဲ့ပါတယ်။

မန္တလေး၊ ဖေဖော်ဝါရီ ၈

ကမ္ဘာကျော် ဦးပိန်တံတားကို Myanmar Teak Wood ကုမဏီက  အကုန်အကျခံပြီး ရှေးမူမပျက်ပြင်ဆင်ထိန်းသိမ်းဖို့ တရားဝင်ခွင့်ပြုမိန့်ကို မန္တလေးတိုင်းအစိုးရအဖွဲ့က အခုလ ၆ ရက် နေ့က တရားဝင်စာထုတ်လိုက်ပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့က သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က ‘ဆက်လက်ဆောင်ရွက်ဖို့  တရားဝင်ထုတ်ပြန်ပေးလိုက်ပြီ၊ လုပ်ငန်းလုပ်ဆောင်ရင်တော့ ဗိသုကာကောင်စီရဲ့ ကြီးကြပ်မှုနဲ့ သွား လိမ့်မယ်၊ နောက်ပြီး သစ်ရွေးချယ်မှုတွေ၊ ထွင်းတာဖောက်တာတွေနဲ့ သံရွေးချယ်မှုကစပြီး ဘယ် လိုသုံး မလဲဆိုတာတွေ အားလုံးက တော့ ဗိသုကာကောင်စီလိုချင်တဲ့ ပုံစံအတိုင်း ဖြစ်ရမယ်”လို့ ပြောပါတယ်။

Myanmar Teak Wood ကုမဏီအနေနဲ့ ဦးပိန်တံတား ပြင်ဆင်ဖို့ကို အရင်အစိုးရလက်ထက်က ခွင့်ပြုပေးခဲ့တာဖြစ်တယ်။ အခု အစိုးရလက်ထက်မှာ လုပ်ငန်း ခေတ္တရပ်ဆိုင်းထားပါတယ်။

ဦးပိန်တံတားကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းဖို့ဆိုရင် အဓိက ပြု ပြင်ရမယ့်လုပ်ငန်းတွေက ဆွေးမြည့်တိုင်တွေ အစားထိုးလဲလှယ်တာ၊ အောက်ခြေ ဆွေးမြည့်နေတဲ့ တိုင်တွေကို ဖြတ်ပြီး ဆက်ဖို့၊ အစားထိုး ဆက်ဖို့၊ ရက်မတွေ အစားထိုး လဲလှယ်ပြင်ဆင်ဖို့ ၊ မူလ ပုံစံအတိုင်း သစ်သားလက်ရန်း တန်းတွေ ထည့်သွင်းပြုပြင်လုပ်ဆောင်ဖို့ ၊ သစ်သားခါးပန်းတွေကို မူလပုံစံအတိုင်း ထည့်သွင်းပြုလုပ်ဖို့၊ ကွန်က ရစ်တံတားလက်ရန်း တွေကို အချောကိုင်ပြုပြင်ဖို့၊ ကွဲအက်နေတဲ့ တိုင်ခေါင်းတွေကို  နှစ် လက်မဗြက် စတီးပြားတွေနဲ့ ခါးပတ် ပြုလုပ် ကာ ထိန်းဖို့၊ တောင့်တင်းခိုင်မာမှုရှိ အောင် ချုပ်တန်းနဲ့ ထောက်တန်းတွေ ထည့်သွင်းချုပ် နှောင်ဖို့၊ တံ တားတောင်ဘက်ခြမ်း ၁၅ မိုင်အ ကွာမှာလုံခြုံရေးအတွက် လျှပ်စစ် မီးသွယ်တန်းဖို့တွေ ပြုလုပ်မှာဖြစ်တယ်။

အမရပူရမြို့မှာရှိတဲ့  တောင်သမန် (ဦးပိန်) တံတားကို ၁၉၄၆ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်ရဲ့ ခွင့်ပြုဘဏ္ဍာငွေထဲကနေ ပြုပြင်မှု ၁၂ ကြိမ်ပြုလုပ်ခဲ့ကြပြီး ပြီး ခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လကနေ ဩဂုတ်လအတွင်းမှာဆိုရင် ဦးပိန်တံတားက တိုင်အကောင်း ၂၄၁ တိုင်ဖယ်ရှားခဲ့ပြီး ပြန်လည်သုံးစွဲမှုမှာ ၁၅၅ တိုင်ရှိခဲ့တယ်။ အသစ်လဲ လှယ်ပြင်ဆင်ပြီး ကြမ်းခင်းက ၉၄ ခန်းရှိပြီး ဗားကရာကျောင်းတိုက်အတွင်းမှာ တိုင်ပေါင်း ၈၆ တိုင် သိမ်းဆည်းထားတယ်လို့ သိရပါ တယ်။

တောင်သမန် (ဦးပိန်) တံတား ရှေးမူမပျက်ပြင်ဆင်ရေးအတွက် ဗိသုကာပညာရှင်တွေ၊ အတတ်ပညာရှင်တွေနဲ့ တာဝန်ရှိသူတွေ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ခေမဏီ (ကုမုဒြာ )


No comments:

Post a Comment