Latest News

Thursday, February 9, 2017

စလစ်ကပ်ကားတွေကြိုတင်ဝင်ငွေခွန်ပေးရတော့မယ်

စလစ်ကပ်ကားတွေကြိုတင်ဝင်ငွေခွန်ပေးရတော့မယ်

လာမယ့် ဘဏ္ဍာနှစ်ကစပြီး စလစ်ကပ်ကားတွေကို ကြိုတင်ဝင်ငွေခွန်ကောက် ခံတော့မှာဖြစ်ပါတယ်။

ပြည်ပမှတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေထဲ ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ခေါင်းစဉ်(၈)မျိုးဖြင့် ကင်းလွတ်ခွင့်ပြုခဲ့တဲ့အထဲမှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုး စနစ်ဖြင့်တင်သွင်တဲ့ မော်တော်ယာဉ်တွေပါဝင်ခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ (၁၄) ရက်မှာ နိုင်ငံပိုင်သတင်းစာမှ တဆင့်ထုတ်ပြန်ကြေငြာလိုက်တဲ့ ကြေငြာချက်အရ အရင်က ကင်းလွတ်ခွင့်ပြုထားတဲ့ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြေစာ(စလစ်) ဖြင့်တင်သွင်းတဲ့ကားတွေကို လာမယ့် ဧပြီလ (၁) ရက်က စပြီး ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရတော့မှာဖြစ်ပါတယ်။

အရင်က ကြိုတင်ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုထားတဲ့ ပြည်ပတင်သွင်းမော်တော် ယာဉ်အမျိုးအစားတွေကတော့ (၁)ယာဉ်အိုယာဉ်ဟောင်းအစားထိုးတင်သွင်းယာဉ်။ (၂)ပြည်ထောင်စု၊ တိုင်း၊ပြည်နယ် အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့်တင်သွင်း မော်တော်ယာဉ်၊ (၃) နားရေးနဲ့မီးသတ်ယာဉ်၊ (၄)ဘာသာရေးနဲ့ကုသိုလ်ရေးအတွက်သီးသန့်သုံးတင်သွင်းယာဉ်၊ (၅)နိုင်ငံအစိုးရဌာနနဲ့ စီမံကိန်းတွေအတွက်တင်သွင်းမော်တော်ယာဉ်၊ (၆) လှူဒါန်းရန်အတွက်တင်သွင်းမော်တော်ယာဉ်၊ (၇)သံတမန်နဲ့ သံရုံး၊ ကုလအဖွဲ့အစည်းများအတွက်တင်သွင်းမော်တော်ယာဉ်၊ (၈) ရင်းနှီးမြုပ်နှံမှုဥပဒေအရကင်းလွတ်ခွင့်ရမော်တော်ယာဉ်များ ဖြစ်ပါတယ်။

ယာဉ်အိုယာဉ်ဟောင်းစလစ်နဲ့တင်သွင်းခွင့်ပြုတဲ့ ကားအနေနဲ့ ထုတ်လုပ်တဲ့မော်ဒယ်သတ်မှတ်ချက်မြင့်လာတာ၊ တန်းဖိုးပိုမြင့်တဲ့မော်တော်ယာဉ်တွေကိုသာ တင်သွင်းလာတာဖြစ်တဲ့အတွက် စလစ်ကပ်ကားတွေကို ကြိုတင်ဝင်ငွေခွန် ကောက်ခံပြီးမှသာ ကနဦးမှတ်ပုံတင်လုပ်ငန်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ် လို့ ဒီနေ့ ထုတ်ပြန်ကြေငြာချက်မှာပါဝင်ပါတယ်။

မော်တော်ယာဉ်တွေအပေါ် ကြိုတင်ဝင်ငွေခွန်ကို ပေးဆောင်ရာမှာ မော်တော်ယာဉ်တန်ဖိုးအပေါ်မူတည်ပြီး ၁၅%၊ ၂၀%၊ ၃၀% ဆိုပြီး ခွဲခြားကောက်ခံတာဖြစ်ပါတယ်။

အဲဒါကြောင့် ကြိုတင်ဝင်ငွေကျသင့်မယ့်ခန့်မှန်းပမာဏက မော်တော်ယာဉ်တန်ဖိုးအလိုက် ကျပ် (၁၅) သိန်းကနေ ကျပ်သိန်း (၅၀၀) လောက်အထိ ကျသင့်တန်နိုင်တယ်လို့ Distinct Trading  မှ ကိုထွဋ်ထိပ်က ခန့်မှန်းပေးထားပါတယ်။
7Day Cars

No comments:

Post a Comment