Latest News

Thursday, February 9, 2017

"မြစ်ကြီးနားမြို့တွင် သူနာပြုဆရာမတစ်ဦး အသတ်ခံရမှု ဖြစ်ပွား "

"မြစ်ကြီးနားမြို့တွင် သူနာပြုဆရာမတစ်ဦး အသတ်ခံရမှု ဖြစ်ပွား "

မြစ်ကြီးနားမြိုတွင် အသက် (၂၄ )နှစ်အရွယ်သူနာပြုဆရာမတစ်ဦး ဓား ဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အမျိုးသားတစ်ဦးကို စစ်ဆေးနေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်တွင် ဖေဖေါ်ဝါရီ ၉ ရက် ညနေ ၅ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သူနာပြုဆရာမမှာ ကိုယ်ခန္တာအနှံ့တွင် ဓားဒဏ်ရာ ၁၉ ချက်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးထွန်းဦးက ပြောသည်။

အမှုကို စစ်ဆေးနေသော မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက " ကျတော်တို့ ခု မနက် ရင်ခွဲစစ်ဆေးတာတွေ လုပ်နေပါတယ်။ သူနဲ့အရင်က သိကျွမ်းခဲ့တဲ့ အမျိုးသားတစ်ယောက်ကို စစ်ဆေးမေးမြန်းတာမျိုး ရှိတယ်" ဟု ပြောသည်။

သေဆုံးသူ အမျိုးသမီးကို လူ ငါးဦးထက်မနည်းက အဓမ္မကျူးလွန်ကာ သတ်ခဲ့သည်ဟု  လူမှု ကွန်ရက်တွင် ပျံ့နှံ့နေသည်မှာ သတင်းအမှားများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

လတ်တလောတွင် လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး မှုခင်းဆရာဝန်၏ ဆေးစစ်ချက်ကို စောင့်ဆိုင်းနေ ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
7Day News Journal

No comments:

Post a Comment