Latest News

Thursday, February 23, 2017

မြောက်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှုဇုန် စီမံခန့်ခွဲမှု ကျပ်သိန်း ၅,၅၀၀ ခန့် အသုံးပြုမည်

မြောက်ဦးဒေသ ရှေးဟောင်းယဉ်ကျေးမှုဇုန် စီမံခန့်ခွဲမှု ကျပ်သိန်း ၅,၅၀၀ ခန့် အသုံးပြုမည်



 ရခိုင်ပြည်နယ်၏ ရှေး ဟောင်းယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော မြောက်ဦးဒေသကိုကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ယူနက်စကိုသို့ တင်သွင်းနိုင်ရေး ရှေးဟောင်းယဉ်ကျေးမှုဇုန် စီမံ ခန့်ခွဲမှုများအတွက် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၅,၅၀၀ ခန့် အသုံးပြုရန် လျာထားကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုး သားပြတိုက်ဦးစီးဌာန (မြောက်ဦး ဇုန်)မှ သတင်းရရှိသည်။

  ‘‘လာမယ့် ဘဏ္ဍာနှစ်မှာ မြောက်ဦးယဉ်ကျေးမှုဇုန် စီမံခန့် ခွဲရေးအတွက် လိုအပ်တဲ့လုပ်ငန်း တွေ ဆောင်ရွက်နိုင်ဖို့ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရ ရန်ပုံငွေကနေ ကျပ်သိန်း ၅,၅၀၀ လောက်ချပေးဖို့ လျာထားတယ်လို့ သိရပါတယ်။ အဲဒီကနေ ဇုန် စီမံခန့်ခွဲမှုအတွက် လိုအပ်တဲ့ လုပ်ငန်းအားလုံးကို ဆောင်ရွက်သွား ရမှာ ဖြစ်ပါတယ်’’ဟု ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဇုန်) မှ ညွှန်ကြားရေးမှူး ဦးငြိမ်းလွင်က ပြော သည်။

ရှေးဟောင်း အဆောက်အ အုံများ ထိန်းသိမ်းကာကွယ်ခြင်း၊ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဝင် ရောက်နိုင်ရန် Site နေရာများ စစ် တမ်းကောက်ယူ၍ အမည်ပေး သတ်မှတ်ခြင်း၊ အများပြည်သူအ တွက် ကြော်ငြာဆိုင်းဘုတ်များ ပြုလုပ်ခြင်း၊ ဘုရားစေတီများကို စစ်တမ်း ကောက်ယူခြင်းစသည့် အချက်များအပါအဝင် ယူနက်စကိုသို့ တင်သွင်းနိုင်ရေးလိုအပ်သည့် အချက်များ ဆောင်ရွက်မည် ဖြစ်သည်။

‘‘ပုဂံမှာ ဘုရားတွေ စစ်တမ်း ကောက်တုန်းကဆိုရင် ဒေါ်လာ ၁၈ သန်းလောက်ကုန်တယ်လို့ သိရတဲ့အတွက် ဘုရားတွေကို အ သေးစိတ် စစ်တမ်းကောက်ဖို့ဆို ရင် သန်းနဲ့ချီပြီး လိုအပ်ပါတယ်။ အဲဒီအတွက် လိုအပ်တာတွေ ကူညီဖို့အတွက် ယူနက်စကိုက တော့ လာကြည့်သွားပြီ။ နောက် လထဲမှာလည်း အီတလီက သံ အမတ်က လိုအပ်တာတွေ ကူညီ ပေးဖို့ လာကြည့်ဦးမယ်လို့ သိရ ပါတယ်’’ဟု ဦးငြိမ်းလွင်က ပြော သည်။

  ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(မြောက်ဦးဇုန်)မှ အကြမ်းကောက်ယူထားသည့် စစ်တမ်းများအရ မြောက်ဦး ယဉ်ကျေးမှုဇုန်တွင် ဘုရားစေတီပေါင်း   ငါး ရာကျော်ရှိပြီး အသေးစိတ် စစ်တမ်းကောက်ယူမည်ဆိုပါက ဘုရားစေတီပေါင်းသုံးထောင်မှလေးထောင်ခန့်အထိ ရှိနိုင်ကြောင်း ၎င်းကသုံးသပ်ပြော ကြားသည်။



7Day News Journal

No comments:

Post a Comment