Latest News

Sunday, February 19, 2017

ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ လှိုင်းဘွဲ့မြို့မှာ တိုက်ပွဲဖြစ်

ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ တပ်မတော်၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ

လှိုင်းဘွဲ့မြို့မှာ တိုက်ပွဲဖြစ်

   
လက်နက်ခဲယမ်းဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တာပါ။ လှိုင်းဘွဲမြို့နယ်ထဲမှာ တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့ လှိုင်းဘွဲမြို့နယ် ကြာအင်းနဲ့ ကမော့လဲကျေးရွာကြားမှာ ဖေဖော်ဝါရီ ၁၈ ရက် မနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ကနေ သိရပါတယ်။

‘‘ဒီကေဘီအေခွဲထွက်အဖွဲ့က ဒီရက်ပိုင်းမှာနယ်မြေအသီးသီးကို ပတ်ပြီးလှုပ်ရှားမှုတွေလုပ်လာတယ်။ လုပ်လာတဲ့အခါမှာ ကိုယ်တို့ဘက်ကိုလည်း ကျွံလာလို့ ဒီနေ့လို တိုက်ပွဲဖြစ်တာပေါ့။ ပြီးခဲ့တဲ့ ရက်ကလည်း ကြာအင်းနားကရွာမှာ ရွာသားတွေကို ရိက္ခာလာပို့ ခိုင်းတာတွေဘာတွေရှိခဲ့တယ်။ အဲဒီထဲက ပိတ်ဆို့မှုတွေလုပ်ခဲ့ တာ။ ဒီနေ့တော့ နည်းနည်းပြင်း ပြင်းထန်ထန်ဖြစ်တယ်’’လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးနိုင်မောင်ဇော်က ပြောပါတယ်။
တိုက်ပွဲက ဖေဖော်ဝါရီ ၁၈ ရက် မနက် ၇ နာရီကနေ ၈ နာရီအထိ ဖြစ်ပွားခဲ့ပြီး ဒီကေဘီအေခွဲထွက်အဖွဲ့က အလောင်းခြောက်လောင်းနဲ့ သေနတ်ခုနစ်လက်ရရှိခဲ့တယ်လို့ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ကနေ သိရပါတယ်။

ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက ကြာအင်းကျေးရွာမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုနားမှာလည်းဖြစ်ပွားပြီး ကိုရင်လေးတချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပြီးလှိုင်းဘွဲမြို့နယ်ရဲ တပ်ဖွဲ့က သီးခြားအတည်ပြုချက်မထုတ်ပြန်သေးပါဘူး။

တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့နဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့တို့က လှိုင်းဘွဲမြို့နယ် မဲသဝေါဒေသမှာ ၂၀၁၆ စက်တင်ဘာက စပြီး တိုက်ပွဲအ ပြင်းအထန်ဖြစ်ပွားခဲ့ကာ လက်ရှိမှာ တပ်မတော်၊ ကရင်ပြည်နယ် နယ်ခြားစောင့်ပူးပေါင်းအဖွဲ့က အဲဒီဒေသမှာ လုံခြုံရေးရယူထားပေမယ့် တိုက်ပွဲအချို့ဆက်လက် ဖြစ်ပွားနေပါတယ်။

7Day News Journal

No comments:

Post a Comment