Latest News

Sunday, February 19, 2017

စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်ဆောက်လုပ်မှု မရှိစေရေးအတွက် ထိန်းချုပ် မှုတွေ လုပ်မယ်လို့ ဦးဖြိုးမင်းသိန်း ပြော

စီးပွားဖြစ် သင်္ကြန် မဏ္ဍပ်ဆောက်လုပ်မှု မရှိစေရေးအတွက် ထိန်းချုပ်

မှုတွေ လုပ်မယ်လို့ ဦးဖြိုးမင်းသိန်း ပြော

သင်္ကြန်မြေတွေကို ဈေးကြီးကြီးနဲ့ငှားပြီး လက်မှတ်ရောင်းစားတဲ့ပုံစံမျိုးမဖြစ်အောင် ဒီအခြေအနေတွေကို ကြိုးစားဆောင်ရွက်နေပါတယ်။ ရန်ကုန်မှာ စီးပွားဖြစ် သင်္ကြန် မဏ္ဍပ် ဆောက်လုပ်နေမှုတွေမရှိစေရေးအတွက် ထိန်းချုပ်မှုတွေလုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားလိုက်ကြောင်း သိရပါတယ်။

ယခုနှစ်သင်္ကြန်အတွက် ခရိုင်လေးခုမှ မဏ္ဍပ်လေးခုနဲ့ မြို့တော်ဝန် ဗဟိုမဏ္ဍပ်တွေကို ယခင်နှစ်တွေလို ဆက်လက်ဆောက်လုပ်မှာဖြစ်ပြီး ပုဂ္ဂလိကမဏ္ဍပ်တွေနဲ့ပတ်သက်လို့ စီးပွားဖြစ်လုပ်ကိုင်မှုတွေမရှိစေဖို့ ဆောင်ရွက်မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဖေဖော်ဝါရီ ၁၇ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တည်ဆောက်ရေးလုပ်မယ့်သူတွေအတွက်လည်း မနှစ်တုန်းကလို မြေတွေကို ဈေးကြီးကြီးနဲ့ငှားပြီး လက်မှတ်ရောင်းစားတဲ့ပုံစံမျိုးမဖြစ်အောင် ဒီအခြေအနေတွေကို ကြိုးစားဆောင်ရွက်နေပါတယ်လို့ ဦးဖြိုးမင်းသိန်းက ပြောထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ယခုနှစ်တွင်း သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့်ကို ယခင်နှစ်တွေထက် စောပြီး ခွင့်ပြုဖို့လည်း ရည်ရွယ်ထားကြောင်း ဦးဖြိုးမင်းသိန်းက ပြောထားပါတယ်။ သင်္ကြန်ကာလအတွင်း အဝေးပြေးခရီးစဉ်တွေမှာ ခရီးသွားတွေ အခက်အခဲမရှိစေရေးအတွက်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ အစိုးရသစ်လက်ထက် ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ယူစဉ်ကတည်းက ရန်ကုန်သင်္ကြန်မဏ္ဍပ်တွေကို ထိန်းချုပ်ကိုင်တွယ်မှုပုံစံနဲ့ပတ်သက်ပြီး ထောက်ခံမှု၊ ဝေဖန်မှုတွေနဲ့အတူ ပြည်သူတွေ သတိထားမိလာတာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ရာထူး စတင်တာဝန်ထမ်းဆောင်တဲ့နှစ်မှာပဲ သင်္ကြန်မဏ္ဍပ်အရေအတွက်၊ ဆောက်လုပ်မယ့်နေရာနဲ့ မဏ္ဍပ်လက်မှတ်ရောင်းချခြင်းတွေကို ကန့်သတ်လိုက်တာကြောင့် အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Sources : Duwun

No comments:

Post a Comment