Latest News

Sunday, February 19, 2017

ရှက်တတ်တဲ့ ကလေး တွေကို ဘယ်လိုဆက်ဆံသင့်လဲ

ရှက်တတ်တဲ့ ကလေး တွေကို ဘယ်လိုဆက်ဆံသင့်လဲ

   
ကလေး သူတို့အားသန်တာ ၊ သူတို့ကျွမ်းကျင်ရာလေးတွေကို အမြဲ ကိုယ့်ဘက်က ပြောပေးပါ။

၁ – ဘယ်လိုအခြေအနေမှာ ကလေးတွေရှက်တတ်တယ်ဆိုတာ လေ့လာပါ။

၂ – ကလေးတွေကို ရှက်တတ်တယ်လို့ သူတို့ကိုမပြောပါနဲ့။ ရှက်တတ်တဲ့ ကလးအဖြစ် တံဆိပ်မကပ်ပါနဲ့။

၃ – ကလေးတွေနဲ့ နှစ်ကိုယ်ကြားဆွေးနွေးပါ။ သူတို့ရှက်နေရတဲ့အကြောင်းအရင်းကိုမဟုတ်ဘဲ သူတို့ဝါသနာ၊ လူတွေကြားထဲ သူတို့နေချင်တဲ့ ပုံစံတွေကို ဆွေးနွေးရမှာဖြစ်ပါတယ်။ သူတို့မှာရှိတဲ့ ဝါသနာကို အားပေးပါ။ သူတို့နဲ့ကိုက်မယ်ထင်တဲ့ ဝါသနာကို ဖန်တီးပေးပါ။

၎ – သူတို့ကို စကားပြောခွင့်ပေးပါ။၊ သူတို့ပြောချင်နေတဲ့အကြောင်းတွေကို နားထောင်ပေးပါ။

၅ – သူတို့အားသန်တာ ၊ သူတို့ကျွမ်းကျင်ရာလေးတွေကို အမြဲ ကိုယ့်ဘက်က ပြောပေးပါ။

၆ – ရှက်တတ်တဲ့ ကလေးတွေအတွက် အပေါင်းအဖော်ရလာအောင် မသိမသာ ဖန်တီးပေးပါ။

၇ – အတန်းထဲမှာဆိုရင် ပွင့်ပွင့်လင်းလင်းနဲ့ ဖော်ရွေတဲ့လူနားမှာ ထားပါ။

၈ – ရှက်နေတဲ့ ကလေးကို ပိုရှက်အောင်လုပ်တာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့။

Photos & Source: wikiHow : Duwun

No comments:

Post a Comment