တိမ်းစောင်းသောင်တင်နေသည့် ပနားမားသင်္ဘောပေါ်မှ မြန်မာများကို ဂျပန်ကယ်တင်
ဖေဖော်ရီ ၁၁ ရက်က ဂျပန်နိုင်ငံ ကာဂိုရှီမာ ခရိုင် တိုကရကျွန်းစုတွေအနီး တိမ်းစောင်းသောင်တင်တဲ့ ပနားမားအလံတင် ရေနံသဘောင်္ပေါ်က မြန်မာနိုင်ငံသားတွေကို ဂျပန် ကမ်းခြေစောင့်တပ် အမှတ် ၁၀ ကတွေ့ရှိ ကယ်တင်နိုင်ခဲ့ပါတယ်။
သင်္ဘောပေါ်မှာ မြန်မာ ၁၇ ယောက်နဲ့ ထိုင်ဝမ်နိုင်ငံသား ၁ ယောက် စုစုပေါင်း ၁၈ ယောက် စီးနင်းလာခဲ့ပြီး ဂျပန်ကမ်းခြေစောင့်တပ်က အားလုံးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
တန်ချိန် ၅၄၀၄ ရှိ အဲဒီ SAGAN ရေနံတင်သဘောင်္က မနက် ၆ နာရီခွဲလောက်မှာ အကူအညီ တောင်းခံခဲ့ပြီး မနက် ၁၁ နာရီလောက်မှာ ကမ်းခြေစောင့်တပ်က ရဟတ်ယာဉ်တွေနဲ့ ကယ်ဆယ်မှု စတင်ခဲ့ကာ အားလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဂျပန်သတင်းတွေမှာ ဖော်ပြထားပါတယ်။
သင်္ဘောဟာ ထိုင်ဝမ်ကနေ ကိုရီးယားနိုင်ငံကို သွားတာ ဖြစ်ပြီး ရာသီဥတု ဆိုးဝါးနေကြောင်း သက်ဆိုင်ရာ သတိပေး တားမြစ်ချက် ထုတ်ပြန်ကြေညာထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
Sources : DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment