Latest News

Sunday, February 12, 2017

ရုပ်ရည်ပိုကျစေတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းအမှား (၄) ခု

ရုပ်ရည်ပိုကျစေတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းအမှား (၄) ခု

ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်က ကျန်းမာစွာ နေထိုင်ဖို့ပါ။ ရုပ်ရည်ပိုကျဖို့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်တွေ့ထက် အိုမင်းရင့်ရော်စေနိုင်တဲ့ ကိုယ်ကာယလေ့ကျင့်ခန်းအမှားတွေ ကျွန်ုပ်တို့ လုပ်ဆောင်မိနေတာမျိုးတွေ ရှိပါတယ်။ အဲ့ဒါတွေကတော့

စက်ဘီး အလွန်အကျွံစီးတာ

စက်ဘီးနင်းတာက စိက်ဖိစီးမှု လျော့နည်းသက်သာစေတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် ဒီတစ်မျိုးတစ်တည်းနဲ့ အချိန်ကုန်တာ မကောင်းပါဘူး။ တကယ်လို့ စက်ဘီးစီးတာ သဘောကျရင် စိတ်ဖိစီးမှုလျော့နည်းစေတဲ့ ယောဂကျင့်စဉ်တစ်ခုခုနဲ့ ပူးတွဲပြုလုပ်ပါ။

ပုံသေလေ့ကျင့်ခန်း တစ်ခုကိုပဲ အသည်းအသန်လုပ်တာ

ပုံသေလေ့ကျင့်ခန်းကို ဆန္ဒရှိသလို ပြုလုပ်နိုင်ပါတယ်။ ဒါပေမယ့် အားကုန်ညှစ်ထုတ် လုပ်တာ အကောင်းဆုံးနည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။ ယောဂနဲ့ တွဲလုပ်ပေးဖို့ မမေ့ပါနဲ့။

အလေးမဖို့ မေ့လျော့နေတာ  

အလေးမခြင်းက ကြွက်သားတွေကို အထောက်အကူဖြစ်စေပြီး လျော့ရိလျော့ရဲဖြစ်နေတဲ့ အသားအရေတွေကို တင်းရင်းစေပါလိမ့်မယ်။

လုံးဝ မနားတာ

Gym မှာ အင်တိုက်အားတိုက်ကစားတဲ့အခါ အားအင်တွေ အလွန်အကျွံ သုံးစွဲမိတတ်ပါတယ်။ တခါတလေ အနားယူပေးဖို့ လိုအပ်တဲ့ တချို့လက္ခဏာတွေထဲမှာ ကြွက်သားနာကျင်မှု၊ မရည်ရွယ်ပဲ ကိုယ်အလေးချိန်ကျခြင်း၊ နှလုံးခုန်နှုန်း မြန်ဆန်ခြင်း၊ အချိန်မတော် ရာသီလာခြင်းနဲ့ အစာစားလိုစိတ် လျော့နည်းခြင်းတို့ ပါဝင်ပါတယ်။

Ref: Shefinds

Sources : Trend Myanmar

No comments:

Post a Comment