Latest News

Thursday, February 9, 2017

လာဘ်စားမှုနဲ့အမှုဖွင့်ခံထားရတဲ့ တရားသူကြီးကိုတစ်လကျော် ကြာတဲ့အထိ ဖမ်းမမိသေး

လာဘ်စားမှုနဲ့အမှုဖွင့်ခံထားရတဲ့ တရားသူကြီးကိုတစ်လကျော်

ကြာတဲ့အထိ ဖမ်းမမိသေး

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ အမှုဖွင့်ခံထားရတဲ့ ပွင့်ဖြူ
မြို့နယ်တရားသူကြီးဒေါ်အဉ္ဇလီမြရှိန်ကို တစ်လကျော် ကြာတဲ့အထိ ဖမ်းဆီး အရေးယူမှု မပြုလုပ်နိုင်သေးဘူးလို့ မကွေးတိုင်းအမျိုးသား လွှတ်တော်မဲဆန္ဒနယ်(၅)မှ ကိုယ်စားလှယ် ဦးတင်အောင်ထွန်း ကပြောပါတယ်။

ဒေါ်အဉ္ဇလီမြရှိန်ဟာ တရားစွဲလိုက်တဲ့ဇန်န၀ါရီ ၁၀ရက်န့ကတည်းက ရှောင်ပုန်းနေတာဖြစ်တယ်လို့ ဦးတင်အောင်ထွန်းကပြောပါတယ်။

“အမှန်တော့ ရဲကတရားခံရှာရမှာ ။ဒါပေမယ့် အခု ကော်မရှင်က သူတာဝန်ယူထားတဲ့ အမှုဖြစ်တာကြောင့် သူနည်း သူဟန်နဲ့ စုံစမ်းနေတယ်”လို့ ဦးတင်အောင်ထွန်းကဆက်ပြောပါတယ်။

ပွင့်ဖြူမြို့နယ် လွတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း တရားခံ ပေါ်ပေါက် ဖို့ကိုတက်နိုင်တဲ့ ဘက်မှ နေပြီး လုပ်ဆောင်နေတယ်လို့ ဦးတင်အောင်ထွန်းကဆက်ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် တရားသူကြီး ဒေါ်အဉ္ဖလီမြရှိန် ကို ယစ်မျိုးဥပဒေအရ တရားစွဲခံထားရတဲ့ လူတွေ ထဲမှ ငွေပေးသူကို တမျိုး ငွေမပေးသူကို တမျိုး ပြစ်ဒဏ်ချမှတ်တာကြောင့် နစ်နာသူတွေက တိုင်ကြားတဲ့ အတွက် မကွေးတိုင်းအစိုးရအဖွဲ့က အဂတိလိုက်စားရေး
ကော်မရှင်ကိုလွဲပြောင်းပေးပို့ ခဲ့တာဖြစ်ပါတယ်။

အဆိုပါ အမှုနဲ့ ပတ်သတ်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စစ်ဆေးမှု ပြုလုပ်ခဲ့ရာ အထက်တန်းရှေ့နေမှ တစ်ဆင့် ယစ်မျိုးဥပဒေပုဒ်မ၃၀(က) အမှုကိုငွေကျပ်ငါးသိန်းတောင်းယူတာ၊ လောင်းကစားဥပဒေပုဒ်မ၁၅(က)နဲ့ တရားခံကို ပြစ်ဒဏ်လျှော့ပေါ့ဖို့ ငွေကျပ်ငါးသိန်း ရယူထားတာ ပေါ်ပေါက်ခဲ့တဲ့ အတွက် ၂၀၁၃အဂတိလိုက်စားမှုတိုက်ဖျက်ရေးပုဒ်မ၅၆ နဲ့ အရေးယူဖို့ အမှုဖွင့်ခံထားရတာဖြစ်ပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်တွင် အမှုပေါင်း ၃၀ကျော်ရှိပြီး အများဆုံးမှာ တရားရုံးက အဂတိလိုက်စားမှု တွေ ဖြစ်တယ်လို့ သိရပါတယ်။

ကုမုဒြာ

No comments:

Post a Comment