Latest News

Thursday, February 9, 2017

နိုင်ငံသားများကိုကာကွယ်ပေးရေးဥပဒေကြမ်း အပြီးရေးဆွဲရန် လွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား


နိုင်ငံသားများကိုကာကွယ်ပေးရေးဥပဒေကြမ်း အပြီးရေးဆွဲရန်

လွှတ်တော်ဥက္ကဋ္ဌ ညွှန်ကြား

နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကြမ်းကို အခုလွှတ်တော်အတွင်း အပြီးရေးဆွဲပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ဥပဒေကြမ်းကော်မတီကို   ညွှန်ကြားလိုက်ပါတယ်။

“နိုင်ငံသားတယောက်ရဲ့ လွတ်လပ်မှုနဲ့ လုံခြုံရေးဥပဒေကို စတုတ္ထပုံမှန်အစည်းဝေးမှာ ပြီးချင်ပါတယ်။ ပြီးအောင်ကြိုးစားပေးပါ။ ဒါဟာ ဒုတိယပုံမှန်အစည်းဝေးထဲက နိုင်ငံတော်အတွက်၊ နိုင်ငံသူနိုင်ငံသားတွေအတွက် ကိုယ်စားလှယ်တွေအတွက်၊ ကြိုးစားနေတာဖြစ်ပါတယ်။ တတိယပုံမှန်မှာ ပြီးမသွားဘူး။ အခု စတုတ္ထပုံမှန်အစည်းအဝေး အခု စက်ရှင်မှာတော့ ပြီးချင်ပါတယ်။ အဲဒါ ဥပဒေကြမ်းကော်မတီ အနေနဲ့ အလေးနက်ထားပြီး ကြိုးစားပေးပါ။ ဒါလည်း ကျနော်တဆက်တည်း ပြောချင်ပါတယ်။”

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ အင်းစိန် အမတ် ဦးမောင်မောင်ဦး မေးမြန်းတဲ့ လွှတ်တော် ကိုယ်စားလှယ်များ တာဝန်ထမ်းဆောင်နေချိန်တွင် လိုက်လံစုံစမ်းမေးမြန်း သတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့်တာဝန်ရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းများမှ တာဝန်ပေးခြင်း ရှိ/မရှိ သိလိုခြင်းမေးခွန်းဖြေကြားမှုအပြီးမှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆက်လက်ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုရှင် ဦးမောင်မောင်ဦး မေးခွန်းနဲ့ပတ်သတ်ပြီး အထောက်အထားခိုင်ခိုင်လုံလုံနဲ့ လွှတ်တော်မှာ တင်ပြဖို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။

သတင်း - အောင်ဆန်းဦး ( DVB )

No comments:

Post a Comment