Latest News

Thursday, February 9, 2017

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံခရီးစဉ်အတွက် တပ်မတော်နှင့် ရဲ တပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်မည်

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံခရီးစဉ်အတွက် တပ်မတော်နှင့် ရဲ

တပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်မည်

နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည်သည် ရှမ်းပြည်နယ် ပင်  လုံမြို့၌ ကျင်းပမည့်ပြည်ထောင်စု နေ့အခမ်းအနားသို့ တက်ရောက် မည်ဖြစ်ရာ အဆိုပါခရီးစဉ်လုံခြုံ ရေးကို တပ်မတော်နှင့် ရဲတပ်ဖွဲ့ တို့က ဆောင်ရွက်မည်ဖြစ် ကြောင်း သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်ပါတီအစိုးရသစ်လက် ထက် ပထမဆုံးကျင်းပသည့်ပြည် ထောင်စုနေ့အခမ်းအနားအဖြစ် ဖေဖော်ဝါရီ ၁၂ရက်တွင် နှစ်(၇၀) ပြည့် ပြည်ထောင်စုနေ့အခမ်းအ နားကို ဒေါ်အောင်ဆန်းစုကြည်၏ ဆန္ဒအရ ပင်လုံမြို့၌ နိုင်ငံတော်အဆင့်ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပင်လုံခရီးစဉ်လုံခြုံရေးနှင့် ပတ် သက်၍ ဦးဇော်ဌေးက ‘‘ကာကွယ် ရေးရော၊ ပြည်ထဲရေးရောပေါ့။  ခရီးစဉ်အသေးစိတ်ပြောဖို့မရှိဘူး ဗျ’’ဟု ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။ ဒေါ်အောင်ဆန်းစုကြည် သည် ပင်လုံမြို့၌ ကျင်းပမည့် ပြည်ထောင်စုနေ့အခမ်းအနားသို့ တပ်မတော်လေယာဉ်(သို့မ ဟုတ်) ရဟတ်ယာဉ်ဖြင့် နေ့ချင်း ပြန်သွားရောက်မည်ဟု သတင်း များထွက်ပေါ်နေသော်လည်း 7Day Daily သတင်းစာက သီး ခြားအတည်မပြုနိုင်သေးပေ။

ယင်းအခြေအနေနှင့်ပတ် သက်၍ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ဗိုလ်ချုပ်အောင် ရဲဝင်းက လူကြီးများခရီးသွားပါက လုပ်ဆောင်ပေးသည်များရှိ ကြောင်း၊ သို့ရာတွင် ၎င်းအနေဖြင့် မသိရှိကြောင်းဖြေကြားသည်။

ထို့အပြင် နှစ်(၇၀)မြောက် ပြည်ထောင်စုနေ့အခမ်းအနား (ပင်လုံ)၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်း ရင်းသားလူငယ်များ၏ ‘ပင်လုံ ငြိမ်းချမ်းရေးစကားဝိုင်း’ အစီအ စဉ်များကို နိုင်ငံပိုင်ရုပ်သံလိုင်းနှင့် Myanmar State Counsellor Office လူမှုကွန်ရက်စာမျက်နှာ တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသ မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ သည် မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းစဉ်က တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ရက်တွင် ပင်လုံစာချုပ်ချုပ်ဆိုခဲ့သည်။လက်ရှိတွင်လည်း မြန်မာ နိုင်ငံငြိမ်းချမ်းရေးရရှိရေး ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံကို အောင်မြင်စွာကျင်းပနိုင်ရန်အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

‘‘ဒါက နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ်ရဲ့ သူ့ဖခင်က၊ ဗိုလ်ချုပ် အောင်ဆန်းက၊ ပင်လုံမှာ ပင်လုံ စာချုပ်ချုပ်ဆိုတာပေါ့။ အခုလုပ် နေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံပေါ့။ အဲဒီ မှာလည်း ဗိုလ်ချုပ်အောင်ဆန်း သမီး ဒေါ်အောင်ဆန်းစုကြည်က လုပ်တာဖြစ်တယ်။ ဒါက နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဆန္ဒ အရပေါ့။ ဒီပြည်ထောင်စုနေ့ကို ၂၁ရာစုပင်လုံအတွက် အနှစ်သာ ရရှိရှိကျင်းပနိုင်ဖို့အတွက် လုပ် တာဖြစ်ပါတယ်’’ဟု ဦးဇော်ဌေး ကပြောသည်။

ဒီချုပ် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဦးအောင်စိုးက လည်း‘‘ကျွန်တော်တို့နိုင်ငံက ပင် လုံကို အခြေခံပြီးတော့ ပြည် ထောင်စုစိတ်ဓာတ်၊ ပင်လုံစိတ် ဓာတ်ဆိုတာကို မွေးမြူနေတာ လေ။ ကျွန်တော်တို့အစိုးရက ပ ထမဦးဆုံးနှစ်ဖြစ်တယ်လေ။ ပြီး တော့ ၂၁ရာစုပင်လုံကို ကြိုးစား နေတဲ့အချိန်မှာ၊  ကျွန်တော်တို့တာ ၀န်ယူရတဲ့ ပထမနှစ်မှာ ပင်လုံမှာ ကျင်းပတာ အကောင်းဆုံးလို့ ကျွန်တော်တို့ခေါင်းဆောင်တွေ က ယူဆတယ်လို့မြင်မိပါတယ်’’ ဟု ပြောသည်။
7Day News Journal

No comments:

Post a Comment