Latest News

Tuesday, February 21, 2017

သြစတြေးလျမှာ ဈေးဝယ်စင်တာတခုပေါ် လေယာဉ်ပျက်ကျ၊ လူငါးယောက် သေဆုံး

သြစတြေးလျမှာ  ဈေးဝယ်စင်တာတခုပေါ် လေယာဉ်ပျက်ကျ၊ လူငါးယောက် သေဆုံ


အမေရိကန်နိုင်ငံသား လေးယောက်နဲ့ သြစတြေးလျ လေယာဉ်မောင်းသူ တယောက် ပါတဲ့ လေယာဉ်ငယ် တစီးဟာ သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းမြို့မှာရှိတဲ့ ဈေးဝယ်စင်တာ တခုပေါ်ကို ပျက်ကျသွားခဲ့ပြီး သူတို့အားလုံး သေဆုံးခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းသုံး စင်းလုံးငှားလေယာဉ်ငယ်ဟာ အက်ဆန်ဒွန်လေဆိပ်ကနေ ပျံတက်ပြီး မကြာခင်မှာပဲ ရုတ်တရက် အင်ဂျင်စက်ချို့ယွင်းမှုဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဘက်က ပြောပါတယ်။

လေယာဉ် ပျက်ကျခဲ့တဲ့ မြေပြင်ပေါ်က ဈေးဝယ်စင်တာမှာတော့ အပျက်အစီးတွေ ရှိခဲ့ပေမယ့် သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိတာတော့ မရှိခဲ့ပါဘူး။

ဗစ်တိုးရီးယားပြည်နယ် ဝန်ကြီးချုပ် ဒယ်နီရဲလ် အန်ဒရူးက အခုလေယာဉ်ပျက်ကျမှုဟာ ပြည်နယ်သမိုင်းမှာ နှစ် ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး အရပ်သား လေယာဉ် ပျက်ကျမှု တခု ဖြစ်တယ်လို့ ဆိုပါတယ်။

အင်္ဂါနေ့ ဒေသစံတော်ချိန် ၉ နာရီက ဖြစ်ပွားခဲ့တဲ့ လေယာဉ် ပျက်ကျမှုကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း သြစတြေးလျ သယ်ယူပို့ဆောင်မှု လုံခြုံရေးရုံးက ပြောကြားခဲ့ပါတယ်။

လေယာဉ်ပျက်ကျတဲ့ အထဲ ပါသွားခဲ့တဲ့ ခရီးသည်လေးဦးဟာ တက်စ်မေးနီးယားကျွန်းကို သွားရောက်လည်ပတ်မယ့် အမေရိကန်နိုင်ငံသားတွေ ဖြစ်တယ်လို့ ကင်ဘာရာရှိ အမေရိကန်သံရုံးက အတည်ပြုပါတယ်။

BBC

No comments:

Post a Comment