Latest News

Tuesday, February 21, 2017

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ စတင်ထုတ်ယူနိုင်

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ စတင်ထုတ်ယူနိုင်

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခွင့်ကဒ်ပြားများ စတင်ထုတ်ယူနိုင်
လာမယ့် မတ်လ ၈ ရက်မှာ စတင်ဖြေဆိုမယ့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် ဖြေဆိုခွင့် ကဒ်ပြားတွေကို ဖေဖော်ဝါရီလ ၂၀ ရက်က စပြီး သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ ထုတ်ယူနိုင်ပြီလို့ သိရပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခွင့် ကဒ်ပြားတွေကို ဖေဖော်ဝါရီလ ၂၀ ရက်ကနေ စာမေးပွဲဖြေဆိုမယ့်ပထမဆုံးနေ့ မနက်ပိုင်းအထိ ထုတ်ပေးမယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်ဟာ တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ် ၀င်တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေ အရည်အချင်းစစ်စာမေးပွဲ တတိယနှစ်ဝက် ဖြေဆိုမှုနောက်ဆုံးနေ့လည်းဖြစ်ပါတယ်။ရန်ကုန်မြို့ ရွှေပြည်သာ အထက(၁)မှာတော့ ဒီနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူ (၇၆၀)ရှိနေပြီး စာဖြေခန်းတစ်ခန်းကို ကျောင်းသား ၃၀ ဦး နှုန်းထားသွားမယ်လို့ ကျောင်းအုပ်ဆရာမကြီးကပြောပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို တစ်နိုင်ငံလုံးမှာ လာမယ့် မတ်လ ၈ ရက်ကနေ အထူးပြုဘာသာတွဲအလိုက်  စတင်ဖြေဆိုကြမှာဖြစ်ပြီး မတ်လ(၁၇)ရက်မှာ အားလုံးပြီးဆုံး မှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာ စာစစ်ဌာန (၁၅၉၄) ခု ရှိပြီး ဖြေဆိုမယ့်ကျောင်းသား ကျောင်းသူ ၇သိန်းခြောက်သောင်း၇နှစ်ထောင်ကျော် ထိရှိတယ်လို့သိရပါတယ်။

 Sources : MRTV 4

No comments:

Post a Comment