ဘက်ဟိုးယာဉ် တင်လာသည့် ၂၂ ဘီးထရပ်ကားက ခုံးတံတားကို
တိုက်မိပြီး ကြောက်မက်ဖွယ်ပြိုကျ
ဘက်ဟိုးယာဉ်ထိုင်းနိုင်ငံ အဝေးပြေးလမ်းမတခုပေါ်မှာ ၂၂ ဘီးပါ ကုန်တင်ထရပ်ကားတစီးဟာ ဘက်ဟိုးယာဉ် ကိုတင်ပြီး ခုံးတံတားတခုအောက်ကဖြတ်ဖို့ ကြိုးစားချိန်မှာ ခုံးတံတားနဲ့တိုက်မိပြီး ကြောက်မက်ဖွယ် ပြိုကျခဲ့ပါတယ်။
ဒီအဖြစ်အပျက်ဟာ ဖေဖော်ဝါရီ ၂၁ ရက် မနက်ပိုင်းက အန်ထောင်းဒေသ၊ မောင်ခရိုင်ထဲမှ ဟိုက်ဝေး ၃၃၄ ခုံးတံတားအောက်မှာ ဖြစ်ခဲ့ကာ ခုံးတံတားပြိုကျပြီး ပိမိခဲ့တဲ့ ဘက်ဟိုးယာဉ် အပါအဝင် တခြားကားတွေလည်း ထိခိုက်သွားခဲ့တာပါ။
ခုလိုဖြစ်ပျက်ခဲ့တဲ့အတွက် ခုံးတံတားရဲ့ လမ်းတဘက်ခြမ်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာတော့ ပြိုကျတဲ့အရှိန်ကြောင့် ကားတွင်းပိတ်မိခဲ့သူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးဘူးလို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။
Sources : DVB
Tuesday, February 21, 2017
ဘက်ဟိုးယာဉ် တင်လာသည့် ၂၂ ဘီးထရပ်ကားက ခုံးတံတားကို တိုက်မိပြီး ကြောက်မက်ဖွယ်ပြိုကျ
ဘက်ဟိုးယာဉ် တင်လာသည့် ၂၂ ဘီးထရပ်ကားက ခုံးတံတားကို တိုက်မိပြီး ကြောက်မက်ဖွယ်ပြိုကျ
Reviewed by Ar Ti
on
9:29 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment