Latest News

Saturday, February 18, 2017

ဒီနှစ်အကယ်ဒမီပေးပွဲက နှုတ်ဆက်ပွဲလို့ ဆိုလိုက်တဲ့ လူမင်း

ဒီနှစ်အကယ်ဒမီပေးပွဲက နှုတ်ဆက်ပွဲလို့ ဆိုလိုက်တဲ့ လူမင်း


အကယ်ဒမီလူမင်းကတော့ လာမယ့် မတ်လမှာကျင်းပမယ့် အကယ်ဒမီပေးပွဲက သူ့ရဲ့နှုတ်ဆက်ပွဲ ဖြစ်တယ်လို့ ဆိုလာပါတယ်။ အကယ်ဒမီပေးပွဲမှာ နောက်ထပ်ဥက္ကဌရာထူးကို ဆက်ပြီး အရွေးခံတော့ကြောင်းကိုလည်း ကြေညာသွားမယ်လို့ သိရပါတယ်။ လူမင်းကိုယ်တိုင်ကလည်း ဥက္ကဌနေရာမှာ သူ့ထက် ပိုပြီးဆောင်ရွက်နိုင်မယ့် အချိန်ပေးနိုင်မယ့် လူတစ်ယောက်ကို မျှောင်လင့်နေပါတယ်လို့လည်း ဆိုထားပါတယ်။


လူမင်းအနေနဲ့ လာမယ့် ၂၀၁၆ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ မျှော်မှန်းနိုင်သူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လို့နေပါတယ်။ သူပါဝင်ထားတဲ့ ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ၊ အနူးဘစ်စတဲ့ ရုပ်ရှင်ဇာတ်ကားတွေဟာ ၂၀၁၆ခုနှစ်အတွင်း အကယ်ဒမီစာရင်းဝင် ရုံတင်ဇာတ်ကားများ ဖြစ်ပါတယ်။ ဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်ကစပြီး အကယ်ဒမီနဲ့လွဲချော်ခဲ့ရတဲ့ လူမင်းဟာ ဒီနှစ်အကယ်ဒမီပေးပွဲမှာကော ဘယ်လိုတွေ ဖြစ်လာဦးမလဲဆိုတာ ပရိသတ်တွေလည်း သိချင်နေကြပါပြီ။


လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

Sources : Duwun

No comments:

Post a Comment