Latest News

Saturday, February 18, 2017

"ပြည်ပကြွေးမြီ တစ်နှစ်အတွင်း ကျပ်သန်းဘီလီယံ ၁၀၀၀ ကျော်လျော့ကျ"

"ပြည်ပကြွေးမြီ တစ်နှစ်အတွင်း ကျပ်သန်းဘီလီယံ ၁၀၀၀ ကျော်လျော့ကျ"

 မြန်မာနိုင်ငံ၏ ပြည်ပကြွေးမြီလက်ကျန်သည် ကျပ် ဘီလီယံတစ်သောင်းကျော် (၁၀,၆၅၃ ဒသမ ၀၀၇ ဘီလီယံ) ရှိကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြည်ထောင်စုလွှတ် တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ဒုဝန်ကြီးသည် မြန်မာ့မီးရ ထားက ဒီဇယ်စက်ခေါင်းစက်ရုံ စီမံကိန်းအတွက် ဂျာမနီမှ ယူရို ငါးသန်းချေးယူရန် လွှတ်တော်သို့ တင်ပြစဉ် ၂၀၁၆ နှစ်ကုန်အထိ ပြည်ပအကြွေးစာရင်းကို ထည့် သွင်းပြောကြားခဲ့သည်။

ပြည်ပကြွေးမြီနှင့် ဂျီဒီပီအ ချိုးသည် ၁၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနက မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ် ရေးဆွဲထား သည့် ကာလလတ်ကြွေးမြီစီမံခန့် ခွဲမှုမဟာဗျူဟာတွင် ၂၀၁၅ နှစ် ကုန်အထိ အစိုးရကြွေးမြီလက် ကျန်သည် ကျပ်ဘီလီယံ နှစ် သောင်းခွဲကျော်(အမေရိကန်ဒေါ် လာ ၁၉ ဘီလီယံကျော်)ရှိကြောင်း ဖော်ပြထားသည်။ သို့သော် မဟာ ဗျူဟာစီမံကိန်းတွင် ပြည်ပကြွေး မြီနှင့် ပြည်တွင်းကြွေးမြီနှစ်ခုခွဲခြား တင်ပြထားပြီး ပြည်တွင်းကြွေးမြီ က ပြည်ပကြွေးမြီထက် ပိုမိုများ ပြားသည်။ ပြည်တွင်းကြွေးမြီ သည် ကျပ်ဘီလီယံတစ်သောင်း သုံးထောင်ကျော်(၁၃,၆၈၄ ဘီလီယံ)ရှိပြီး ပြည်ပကြွေးမြီမှာ ကျပ်ဘီလီယံ တစ်သောင်းတစ်ထောင် ကျော် (ဒေါ်လာ ၉,၁၆၃ ဒသမ ၇ သန်း) ရှိသည်။

ပြည်ပကြွေးမြီများသည် အ ပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း များချေးငွေ(ကျပ် ၁,၇၀၃ ဒသမ ၃ ဘီလီယံ)နှင့် နှစ်နိုင်ငံ အစိုးရ ကြား ချေးငွေ (၁၀,၀၇၂ ဘီလီယံ) ဖြစ်သည်။

သို့ဖြစ်ရာ ၂၀၁၆ နှစ်ကုန်ထိ လက်ကျန် ပြည်ပကြွေးမြီသည် ၂၀၁၅ နှစ်ကုန်က တင်ရှိနေသော ကြွေးမြီထက် ကျပ် ၁,၁၀၀ ဘီလီ ယံကျော်လျော့ကျလာသည်။

မဟာဗျူဟာတွင် ပြည်ပချေး ငွေများအပေါ် အရင်းအတိုးပြန် လည်ပေးဆပ်ရမည့် အခြေအနေ ကို ၂၀၅၄-၂၀၅၅ ဘဏ္ဍာနှစ် နှစ် ပေါင်း ၄၀ အထိ ခန့်မှန်းဖော်ပြ ထားသည်။

၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်အထိ ၁၄ နှစ်အတွင်း ပြည်ပကြွေးမြီများ ကို အတိုးရော အရင်းပါ များများ စားစားပြန်ဆပ်ပြီး နောက်ပိုင်းနှစ် များတွင် နည်းပါးသော ကြွေးမြီ များ ပုံမှန်ပြန်ဆပ်ရန် မဟာဗျူဟာဆွဲထားသည်။

ပြည်ပချေးငွေအများစုသည် ပျမ်းမျှပုံသေအတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး အတိုးနှုန်းသည် ၄ ဒသမ ၅ ရာခိုင်နှုန်း မကျော်ပေ။ ထို့ပြင် အများစုသည် ဆိုင်းငံ့ကာလ ၁၀ နှစ်နှင့် ဆိုင်းငံ့ကာလအပါအဝင် ချေးငွေသက်တမ်း နှစ် ၄၀ ရှိကြောင်း မဟာဗျူဟာတွင် ပါရှိသည်။

မြန်မာနိုင်ငံ၏ကြွေးမြီဝန်ပိမှု အန္တရာယ်သည် အနိမ့်ဆုံးအဆင့် တွင် ရှိသော်လည်း ပြည်တွင်း၊ ပြည်ပကြွေးမြီများကို ဆိုးရွားစွာ သက်ရောက်နိုင်ခြင်း မရှိအောင်အနီးကပ် စောင့်ကြည့်သင့် ကြောင်း မဟာဗျူဟာ၌ အကြံပြု ထားသည်။

This article first appears in Issue - No.1368 Saturday, February 18, 2017 of 7Day Daily Newspaper/7Day News Journal

No comments:

Post a Comment