Latest News

Thursday, February 16, 2017

အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ ညှိနှိုင်း အစည်းအဝေးကျင်းပ

အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲ ညှိနှိုင်း အစည်းအဝေးကျင်းပ

ဖေဖော်ဝါရီ ၁၆

မဟာအောင်မြေမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် မဟာဝိသုဒ္ဓါရုံတိုက်သစ် ဇေယမေဒနီဝါဆိုကျောင်း နိုင်ငံတော်သြဝါဒစရိယ ရွှေကျင်နိကာယဓိပတိ ဥက္ကဌ မဟာနာယက ဓမ္မသေနာပတိ ရွှေကျင်သာသနာပိုင်  အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တအဂ္ဃိယ ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲပြုလုပ်ပြီးစီးမှုအခြေအနေတင်ပြခြင်းနှင့် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီကပြုလုပ်ကျင်းပသည်။

အခမ်းအနားတွင် သီရဂူဆရာတော်မှ သြဝါဒစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အန္တိမအဂ္ဂိဈာပန ပူဇော်ပွဲအတွက် ဆောင်ရွက်ပြီးစီးမှု အခြေအနေတင်ပြပြီး သက်ဆိုင်ရာကဏ္ဍအလိုက် မိမိတို့တာဝန်ယူထားမှု အခြေအနေအား လျှောက်တင်ထားကြကြောင်း သိရသည်။

မန္တလေးသတင်းဂျာနယ်

No comments:

Post a Comment