Latest News

Saturday, February 25, 2017

တူရကီ သံတမန်တွေ နဲ့ ဆွေးမျိုး ရာကျော် ဂျာမနီ မှာ နိုင်ငံရေး ခိုလှုံခွင်တော့င်း


တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် ဇူလိုင်ကဖြစ်ခဲ့တဲ့ မအောင်မြင့်တဲ့ အာဏာသိမ်းမှု ဖြစ်ပြီးနောက်  တူရကီသံတ
မန်တွေ ဟာ ဂျာမနီနိုင်ထဲ နိုင်ငံရေး ခိုလှုံခွင့်တောင်းခဲ့ကြောင်း၊ တူရကီ နိုင်ငံသား ပက်စပိုစ့်ကိုင်ဆောင်ထားတဲ့ သံတမန်တွေ နဲ့ သူတို့ရဲ့ဆွေးမျိုး ၁၃၆ ဦး ရဲ့ နိုင်ငံရေးခိုလှုံတောင်းဆိုမှုကို လက်ခံရရှိထားကြောင့်း
ဂျာမနီနိုင်ငံ ကပြောပါတယ်။
တူရကီနိုင်ငံ ဟာ ၄င်း နိုင်ငံရဲ့ စစ်ဘက်ကတာဝန်ရှိသူတွေ ကို နိုင်ငံရေးခိုလှုံခွင်မပေးဖို့ ဂျာမနီအစိုးရ
ဆီတောင်းဆိုထားပြီးဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဆီ နိုင်ငံရေး ခိုလှုံခွင့်တောင်းဆိုသူတွေထဲမှာ တူရကီ စစ်သားတွေလည်း ပါဝင်တယ်လို့ သိ
ရပါတယ်။
 တူရကီနိုင်ငံမှာ အာဏာသိမ်းမှုကြိုးပမ်းတာဖြစ်ပြီးနောက် သမ္မတအာဒိုဂမ် ဦးဆောင်တဲ့အစိုးရအဖွဲ့ ဟာ
စစ်ဘက်၊အရပ်ဘက် ၊ ကျောင်းဆရာ၊ ဆရာမတွေ၊ နဲ့ ပြည်သူဝန်ထမ်းတွေကို ရာထူးကထုတ်ပယ်တာ၊
ဆိုင်းငံတာ၊  ပြစ်ဒဏ်တွေပေးခဲ့ပြီး လူပေါင်း ၁ သိန်းကျော်အပြစ်ပေးခံခဲ့ရပါတယ်။
 ယင်းကဲ့သို ပြစ်ဒဏ်ပေးမှုတွေကြောင့် တူရကီနိုင်ငံသားတွေ ထွက်ပြေးမှုတွေဖြစ်ပေါ်ခဲ့ရာ ပြီးခဲ့တဲ့ လ
ဂရိ တရား ရုံး ဟာ တူရကီစစ်သား ၈ ဦးရဲ့ ခိုလှုံခွင့်တောင်းခံမှုကို ပယ်ချခဲ့ပါတယ်။ အခုအချိန်မှာဂျာမနီ
နိုင်ငံအနေနဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေကိုလက်ခံ မခံဆိုတာ သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊  ref bbc
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်


No comments:

Post a Comment