Latest News

Wednesday, February 22, 2017

ဒေါ်လာနှင့် ရွှေဈေးနှုန်း ပြန်တက်

ဒေါ်လာနှင့် ရွှေဈေးနှုန်း ပြန်တက်


ပြင်ပ ငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောကြားသည်။

ပြင်ပဈေးကွက်တွင် အမေ ရိကန်ဒေါ်လာတန်ဖိုးသည် ဖေ ဖော်ဝါရီ ၂၀ ရက် နံနက် ဈေးဖွင့် ချိန်၌ တစ်ဒေါ်လာလျှင် ၁,၃၆၅ ကျပ်သို့ မြင့်တက်လာပြီး ဖေဖော် ၀ါရီ ၂၁ ရက်၌ တစ်ဒေါ်လာလျှင် ၁,၃၆၈ ကျပ်သို့ ဆက်လက်မြင့် တက်ခဲ့သည်ဟု ပြင်ပငွေကြေး ဈေးကွက်တွင် အရောင်းအ၀ယ် ပြုလုပ်နေသူတစ်ဦးက ပြောကြား သည်။

သွင်းကုန် ပစ္စည်းများ အ တွက် ငွေလွှဲပေးပို့ရမည့်ပမာဏ များနေချိန်တွင် ပြည်ပပို့ကုန်တင် ပို့မှုမှ အမေရိကန်ဒေါ်လာရရှိမှုက လည်း လျော့နည်းနေခြင်းကြောင့် ဒေါ်လာဈေး မြင့်တက်လာခြင်း ဖြစ်နိုင်သည်ဟု ပြည်ပသို့ ဆန် တင်ပို့နေသည့် လုပ်ငန်းရှင်ဦးမျိုး သူရအေးက ဆိုသည်။

မြန်မာနိုင်ငံ၏ အဓိက ပို့ ကုန်တစ်ခုဖြစ်သော ပဲမျိုးစုံတွင် အိန္ဒိယနိုင်ငံ၌ အများဆုံး ရောင်း ချရသော မတ်ပဲသည် ၂၀၁၇ ဇန်န၀ါရီလလယ်ကစတင်၍ တစ် တန်လျှင် အမေရိကန်ဒေါ်လာ ၈၀၀ မှ ၉၀၀ ကြား ရှိသည်။

ယခင်နှစ် ဇန်န၀ါရီလဆန်းတွင် မတ်ပဲတစ်တန်လျှင် ဒေါ်လာ ၁,၂၀၀ ခန့် ရရှိသောကြောင့်ပြည်ပပို့ကုန်မှ နိုင်ငံခြားဝင်ငွေ လတ်တလော လျော့နည်းနေသည့် အခြေအနေမျိုးကလည်း ဒေါ်လာတန်ဖိုးမြင့်တက်စေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။

ပြင်ပ ငွေကြေးဈေးကွက် တွင် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်သော်လည်း ဗဟိုဘဏ် ၏ ရည်ညွှန်း ငွေလဲနှုန်းသည် ယခု ရက်ပိုင်း၌ တစ်ဒေါ်လာလျှင် ၁,၃၆၀ ကျပ်ဖြင့် တည်ငြိမ်နေ သည်။ ပြည်တွင်း အခေါက်ရွှေ ဈေးသည် ဖေဖော်ဝါရီလအတွင်း ဒုတိယအကြိမ် ကျပ် ၉၀၀,၀၀၀ခန့် ပြန်လည်မြင့်တက်လာသည်။

ဖေဖော်ဝါရီ ၉ရက်တွင် ပြည် တွင်းအခေါက်ရွှေဈေးသည် ကျပ် ၉၀၀,၀၀၀ပေါက်ဈေးရှိပြီး  ဈေးပြန်ကျခဲ့ရာမှ ဖေဖော်ဝါရီ ၂၂ရက်၌ ကျပ်ကိုးသိန်းအထိ ပြန်လည်မြင့်တက်လာသည်။

ရွှေဈေး ပြန်တက်လာခြင်း မှာ အမေရိကန်ဒေါ်လာဈေးနှင့် ကမ္ဘာ့ရွှေဈေး အနည်းငယ်မြင့် တက်လာခြင်းကြောင့်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ရက်တွင် အခေါက်ရွှေဈေးသည် တစ်ကျပ် သားလျှင် ကျပ် ၈၈၄,၅၀၀ရှိရာမှ ပြန်လည်ကျဆင်းလာပြီးနောက် ဖေဖော်ဝါရီ ၁၆ရက်တွင် ကျပ် ၈၉၀,၀၀၀ကျော်သို့ မြင့်တက်လာခဲ့သည်။

 ထိုနောက်ပိုင်း ဈေးဆက်လက်မြင့်တက်ရာမှ ဖေဖော်ဝါရီ ၂၂ရက်တွင် ကျပ် ၈၉၈,၀၀၀ ဈေးပေါက်ခဲ့သည်။

‘‘ဒီရာသီမှာ ရောင်းကောင်း တဲ့ ရာသီဆိုတော့ ပုံမှန်ရောင်းနေ ရပါတယ်’’ဟု မန္တလေးမြို့ အောင် သမာဓိရွှေဆိုင်အထွေထွေမန်နေ ဂျာဦးမော်ကပြောသည်။



7Day News Journal

No comments:

Post a Comment