Latest News

Wednesday, February 22, 2017

ကျပ်ငါးရာတန်ထီလက်မှတ် ရောင်းချမှု ပြည်သူမနစ်နာစေရန် ဆောင်ရွက်ရေး လွှတ်တော်အမတ် တိုက်တွန်း

ကျပ်ငါးရာတန်ထီလက်မှတ် ရောင်းချမှု ပြည်သူမနစ်နာစေရန် ဆောင်ရွက်ရေး လွှတ်တော်အမတ် တိုက်တွန်း


 ကျပ် ၅၀၀ တန် ထီလက်မှတ်များ ရောင်းချချိန် တွင် ကျပ် ၂၀၀ တန် ထီလက်မှတ် ကဲ့သို့ ပြည်သူလူထုနစ်နာဆုံးရှုံးမှု မရှိစေရန် ဝန်ကြီးဌာနက စိတ် ကောင်းစေတနာဖြင့် တာဝန်ကျေအောင် ဆောင်ရွက်စေလို ကြောင်း ဘီလင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင် ကိုကိုဦးက လွှတ်တော်၌ ပြော ကြားသည်။

 ထီလက်မှတ်တစ်စောင် ကျပ် ၂၀၀ သတ်မှတ်ထားချိန်တွင် ပြည်သူလူထုသည် ကျပ် ၃၀၀ နှင့် အထက်ပေး၍ ဝယ်ယူရခြင်းမှာ ဆုံးရှုံးနစ်နာမှုဖြစ်ပြီး ယင်းကဲ့သို့ အလဟဿ ဖြစ်နေခြင်းသည် ပြည်သူလူထုအတွက် အစိုးရကို ယုံကြည်အားကိုးမှု ပျက်စေ ကြောင်းနှင့် စီမံခန့်ခွဲမှုအဆင်မ ပြေခြင်းကို ထင်ရှားစေကြောင်း အထက်ပါ လွှတ်တော်ကိုယ်စား လှယ်က ပြည်သူ့လွှတ်တော်အ စည်းအဝေး၌ ပြောကြားသည်။

‘‘၂၀၀ တန်မှာ အဆင်မပြေ ခဲ့တဲ့အခါကျတော့ ဒီ ၅၀၀ တန်မှာလည်း ဘယ်လိုထပ်ပြီး ဆုံးရှုံးဦးမ လဲဆိုတာကို စိုးရိမ်တာတွေရှိပါ တယ်။ ဒါကြောင့် ပြည်သူတွေ စိတ်နှလုံးချမ်းမြေ့စွာနဲ့ တရားဝင် ထီတွေကို ကစားတဲ့အခါ ဝန်ကြီး ဌာနအနေနဲ့ တာဝန်ယူပြီး စိတ် ကောင်းစေတနာနဲ့ တာဝန်ကျေ အောင် ဆောင်ရွက်ပေးစေလိုပါ တယ်’’ဟု ဦးတင်ကိုကိုဦးကထည့် သွင်းပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ အောင်ဘာလေ ထီ ရောင်းရငွေအပေါ်မှ အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံသင့် ကြောင်း အစိုးရအား တိုက်တွန်း သော အဆိုနှင့်ပတ်သက်၍ ဆွေး နွေးရာ ဦးတင်ကိုကိုဦးက အထက်ပါအတိုင်း အကြံပြုတိုက်တွန်းခဲ့ သည်။

ဆုကြေးငွေ ကျပ်သိန်းတစ် သောင်းပေးမည့် ကျပ် ၅၀၀ တန် ထီလက်မှတ်များကို မတ်လ ၁ ရက် တွင် စတင်ရောင်းချမည်ဖြစ်ပြီး သတ်မှတ်ဈေးထက် ပို၍ရောင်း ချပါက အမည်ပျက်စာရင်းသွင်း ကာ လစဉ်ထီလက်မှတ်ဝယ်ယူ ခွင့် ရုပ်သိမ်းခြင်း၊ ပေးသွင်းထား သည့် အာမခံငွေကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရ မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲက သတိပေးကြေ ညာထားသည်။

အောင်ဘာလေထီရောင်းရ ငွေအပေါ်မှ အခွန် ၄၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းသာ ကောက်ခံသင့် ကြောင်း တိုက်တွန်းသော အဆို ကို မိုးမောက်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်း အောင်က တင်သွင်းကာ လွှတ် တော်ကိုယ်စားလှယ် လေးဦးက ဆွေးနွေးခဲ့သည်။

ယင်းအဆိုနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာ နမှ ဒုဝန်ကြီးဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းရာ လက်ရှိအချိန်၌ နိုင်ငံတော်သည် ဘတ်ဂျက်လိုငွေ နှစ်စဉ်ပေါ်ပေါက်နေ ခြင်း၊ အောင်ဘာလေထီမှ အခွန် ၄၀ ရာခိုင်နှုန်း အပြည့်အဝမရဘဲ ၃၁ ရာခိုင်နှုန်းသာ ရရှိသော ကြောင့် လက်ရှိစနစ် ၄၀ ရာခိုင် နှုန်းအတိုင်း ဆက်လက်ထားရှိပြီး အဆိုကို လွှတ်တော်က မှတ်တမ်း တင်ရန် တင်ပြခဲ့သည်။

မြန်မာနိုင်ငံတွင် ထီစတင် ရောင်းချသည့် ၁၉၃၈ မှ လက်ရှိ အချိန်ထိ ထီရောင်းရငွေပေါ်မှ ၄၀ ရာခိုင်နှုန်းကို အခွန်အဖြစ် နိုင်ငံတော်သို့ ပေးသွင်းပြီး ကျန် ၆၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည် ပေးအပ်လျက်ရှိ ကြောင်းနှင့် ထီလက်မှတ်ရိုက်နှိပ် ခ၊ သယ်ယူပို့ဆောင်စရိတ်၊ မြန် မာ့အာမခံကြေး၊ အလုပ်သမား စရိတ်၊ ဖြန့်ဖြူးစရိတ်၊ ထီဖွင့်ပွဲ ကျင်းပသည့် ကုန်ကျစရိတ်စ သည်တို့ကို ဖယ်လိုက်ပါက နိုင်ငံ တော်မှ အခွန် ၄၀ ရာခိုင်နှုန်းအ ပြည့်အဝမရဘဲ ၃၁ ရာခိုင်နှုန်းသာ ရရှိကြောင်း ဒုဝန်ကြီး ဦးမောင် မောင်ဝင်းက လွှတ်တော်၌ ပြော ကြားသည်။

အဆိုတင်သွင်းသူ လွှတ် တော်ကိုယ်စားလှယ် ဦးဝင်း အောင်ကလည်း ၎င်း၏အဆိုကို မှတ်တမ်းတင်ထားရန် သဘောတူသဖြင့် ပြည်သူ့လွှတ်တော်က အဆိုကို မှတ်တမ်းတင်ကြောင်း ကြေညာခဲ့သည်။



7Day News Journal


No comments:

Post a Comment