Latest News

Wednesday, February 22, 2017

ပြည်သူများ မတရားမှုကြုံလျှင် သမ္မတရုံးသို့တိုင်ကြားနိုင်ပြီး မတရားလုပ်သူကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ရအောင် ဆောင်ရွက်မည်ဟု သမ္မတဦးထင်ကျော်ပြောကြား

ပြည်သူများ မတရားမှုကြုံလျှင် သမ္မတရုံးသို့တိုင်ကြားနိုင်ပြီး မတရားလုပ်သူကို ဥပဒေနှင့်အညီ ပြစ်ဒဏ်ရအောင် ဆောင်ရွက်မည်ဟု သမ္မတဦးထင်ကျော်ပြောကြား


ပြည်သူများအနေဖြင့် မတရားမှုများနှင့်ကြုံတွေ့ပါက နိုင်ငံတော်သမ္မတရုံးသို့ တိုင်ကြား နိုင်ပြီး မတရားလုပ်သူများကို တရားဥပဒေနှင့်အညီ ထိုက်သင့် သည့် ပြစ်ဒဏ်ရရှိအောင် လုပ် ဆောင်မည်ဖြစ်ကြောင်း နိုင်ငံ တော်သမ္မတကပြောကြားသည်။

ဖေဖော်ဝါရီ ၂၂ ရက်က ကလေးမြို့နယ်ရှိ မြို့နယ်ခန်းမ၌ ဒေသခံပြည်သူလူထုနှင့် တွေ့ဆုံ ပွဲတွင်နိုင်ငံတော်သမ္မတ  ဦးထင် ကျော်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။


မတရားမှုများကို နိုင်ငံတော် သမ္မတရုံးသို့ လိပ်မူပြီး ပေးပို့တိုင် ကြားနိုင်ပါကြောင်း၊ တတ်နိုင် သည့်ဘက်မှ တရားဥပဒေနှင့်အ ညီ ဖြစ်စေရန် မတရားလုပ်သူများ ကို ဥပဒေနည်းလမ်းအတိုင်း တ ရားဥပဒေနှင့်အညီ ထိုက်သင့် သည့်ပြစ်ဒဏ်ရအောင် လုပ် ဆောင်မည်ဖြစ်ပါကြောင်း၊ယနေ့ အချိန်တွင် အဂတိလိုက်စားမှု များ၊ လာဘ်စားမှုများရှိနေသေး သည်ကို မလိုလားပါကြောင်း နိုင်ငံတော်သမ္မတက ပြောသည်။

နိုင်ငံတော်သစ်တည်ဆောက် သည့်နေရာတွင် ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံ ချက်များ ချမှတ်ဆောင်ရွက်နေ သော်လည်း ငွေကြေးအကန့်အ သတ်ရှိသဖြင့် လုပ်ငန်းအားလုံး တစ်ပြိုင်တည်း   လုပ်ဆောင်နိုင် ခြင်းမရှိသည်ကို ပြည်သူများအ နေဖြင့် သည်းခံစေလိုကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။

လုပ်ငန်းများဆောင်ရွက်ရာ တွင် ၀န်ထမ်းများသည် ကျရာ တာဝန်ကို ဖြောင့်မတ်မှန်ကန်စွာ ဖြင့် စေတနာထားကာ သစ္စာ တရားဖြင့်  အလုပ်လုပ်ကြရန် တိုက်တွန်းလိုပါကြောင်းနှင့် မိမိ ကိုယ်တိုင်  မှန်ကန်ရန်သာမက ပတ်ဝန်းကျင်ရှိ လူများ မမှန်ကန် ပါကလည်း တတ်နိုင်သမျှ ၀ိုင်း ၀ိုင်း ပြုပြင်ကာ သူတစ်ပါးအကျိုး ပျက်စီးအောင် မလုပ်ဆောင်ရန် လိုကြောင်း ၎င်းကပြောသည်။

နိုင်ငံတော်သမ္မတရုံးသို့ပြည် သူများက တိုက်ရိုက်တိုင်ကြားနိုင် ရန် ယခင်အစိုးရလက်ထက်ကပင် စတင်လုပ်ဆောင်ခဲ့ပြီး စာတိုက်မှ တစ်ဆင့် သမ္မတရုံးသို့ လိပ်မူ၍ လည်းကောင်း၊ နိုင်ငံတော်သမ္မတ ရုံး အင်တာနက်စာမျက်နှာရှိ နိုင်ငံ တော်သမ္မတထံ ပေးစာကဏ္ဍမှ လည်းကောင်း သတ်မှတ်ချက်များ ကို ပြည့်စုံစွာ ထည့်သွင်းကာ ပေး ပို့တိုင်ကြားနိုင်သည်။

 
7Day News Journal

No comments:

Post a Comment