ဘီလ်ဂိတ် ပိုင်ဆိုင်မှု၏ သုံးဆခန့် ကြွယ်ဝသော အလားအလာရှိနေသည့် ပူတင်
Forbes က တရားဝင် ထုတ်ပြန်ကြေညာထားတဲ့အထဲမှာတော့ မိုက်ခရိုဆော့ဖ် တည်ထောင်သူ ဘီလ်ဂိတ် က အမေရိကန်ဒေါ်လာ ၇၅ ဘီလျံ ကြွယ်ဝမှုနဲ့အတူ ကမ္ဘာ့အချမ်းသားဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နေပေမဲ့ ရုရှားထိပ်တန်းရာထူးမှာ ၁၇ နှစ်အကြာ ကျင်လည်လာခဲ့သူ လက်ရှိသမ္မတပူတင်ဟာ အမေရိကန်ဒေါ်လာ ဘီလျံ နှစ်ရာ ကြွယ်ဝနိုင်ပြီး လေယာဉ်ပျံနဲ့ ရဟတ်ယာဉ် ၅၈ စင်း၊ နန်းတော်တွေနဲ့ အပန်းဖြေစံရာ နေရာပေါင်း အခု နှစ်ဆယ်လောက်လည်း ရှိနေတာကြောင့် ဘီလ်ဂိတ်ထက်တောင် ကြွယ်ဝမှု နှစ်ဆလောက် ပိုနေပြီး ဘီလ်ဂိတ် ပိုင်ဆိုင်မှုရဲ့ သုံးဆနီးပါးလောက်အထိ ကြွယ်ဝတဲ့ အနေအထား ရှိနေတယ်လို့ သိရပါတယ်။
Gjvnhffuwymic3ais1d3
ရေနံကုမ္ပဏီ Surgutneftegaz ရဲ့ ၃၇ ရာခိုင်နှုန်းကို ချုပ်ကိုင်ထားပြီး ဘသာဝဓာတ်ငွေ့ကုမ္ပဏီ Gazprom မှာလည်း ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ အသက် ၆၅ နှစ်အရွယ် ပူတင်ရဲ့ ကြွယ်ဝမှုအနေအထားကိုတော့ စာရေးဆရာလည်း ဖြစ်၊ ရုရှား ဘဏ္ဍာရေး အကြီးအကဲတစ်ဦးလည်း ဖြစ်တဲ့ Bill Browder က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထင်ရှားတဲ့ပိုင်ဆိုင်မှုတွေ အနေနဲ့ ချဲလ်ဆီး ဘောလုံးအသင်းရဲ့ သူဌေး Roman Abramovich ပေးထားတယ် ဆိုတဲ့ ဒေါ်လာ ၃၅ သန်းတန် Olympia ဇိမ်ခံ၊ အပျော်စီးသင်္ဘော၊ ဒေါ်လာ တစ်ဘီလျံတန် Black Sea နန်းတော်နဲ့ ရွှေ ကွပ်ထားတဲ့ ဒေါ်လာ ၆၂,၀၀၀ တန် ရေအိမ် ပါပြီး ဒေါ်လာ ၁၃၇ သန်းတန် ကိုယ်ပိုင်ဂျက်လေယာဉ်တို့ ဖြစ်ပါတယ်။
Ref: Daily Mail
ကျော်လင်းအောင်( MOMOLAY )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment