Latest News

Tuesday, February 21, 2017

နိုင်ငံတစ်ဝန်း ဘုရားများ၏ ဂေါပကစည်းမျဉ်းများကို ခေတ်စနစ်နှင့်အညီ ပြန်လည်ရေးဆွဲမည်

နိုင်ငံတစ်ဝန်း ဘုရားများ၏ ဂေါပကစည်းမျဉ်းများကို ခေတ်စနစ်နှင့်အညီ

ပြန်လည်ရေးဆွဲမည်


 တစ်နိုင်ငံလုံးရှိ  ဘုရားများတွင် ဂေါပကအဖွဲ့ရွေး ချယ် ဖွဲ့စည်းခြင်းစည်းမျဉ်းများ ကို ခေတ်စနစ်နှင့်အညီ ပြန်လည် ရေးဆွဲမည်ဖြစ်ပြီး လက်ရှိတွင် ဂေါပကစည်းမျဉ်းများနှင့် အညီ လုပ်ကိုင်ရန် ကြပ်မတ်နေသည်ဟု သာသနာရေး ဦးစီးဌာနမှ သတင်း ရရှိသည်။

 ‘‘ဂေါပက စည်းမျဉ်းဥပဒေ တွေက ခေတ်အဆက်ဆက်မှာ ဆွဲထားတာဖြစ်တဲ့အတွက် ခေတ် နဲ့မညီတာတွေ ပြောင်းနိုင်အောင် ကြိုးစားနေပါတယ်။ ဂေါပကအဖွဲ့တွေကို ဂေါပကစည်းမျဉ်းနဲ့အ ညီ ဆောင်ရွက်နိုင်ရေးအတွက် လည်း လိုအပ်သလို ကြပ်မတ်ဖို့ နှိုးဆော်တိုက်တွန်းနေပါတယ်’’ ဟု သာသနာရေးဦးစီးဌာနမှ ဒုတိ ယအမြဲတမ်းအတွင်းဝန်ဦးဇာနည် ၀င်းကပြောသည်။

ကျိုက်ထီးရိုးစေတီတော်နှင့် ရွှေတိဂုံစေတီတော်တို့တွင် ဂေါပကအဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်းထားပြီး ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ‘‘ကျိုက်ထီးရိုးစေတီတော် ဂေါပက ပြောင်းလဲမှုတွေကို လည်း တချို့ဘုရားတွေက နမူနာ ယူကြပါတယ်။ တဖြည်းဖြည်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ပြည် နယ်မှာရှိတဲ့ သာသာနာရေးမှူး တွေကို ကျွန်တော်တို့က ချပြ ထားတာပေါ့’’ဟု ဂေါပကစည်း မျဉ်းများနှင့်အညီ လုပ်ဆောင် စေရန် ဆောင်ရွက်ထားမှုအပေါ် ဦးဇာနည်ဝင်းကပြောသည်။

 ပြုပြင် ပြောင်းလဲမှုများကို တစ်နိုင်ငံလုံးရှိ ဘုရားများတွင် တစ်ပြိုင်နက်တည်းလုပ်ကိုင်နိုင် မည်မဟုတ်ဘဲ ဦးစားပေးအဆင့် များသတ်မှတ်ကာ ပြုပြင်ပြောင်း လဲမှုများပြုလုပ်မည်ဟု ၎င်းက ပြောသည်။

‘‘ပြောင်းလဲတယ်ဆိုတာ အ စောကြီးကတည်းက မူအရချမှတ် ထားတာပါ။ သို့သော်လည်း ပြောင်းလဲမယ့်နေရာမှာ ဦးစားပေး အဆင့်အနေနဲ့ လုပ်ရမှာလေ။ တစ်နိုင်ငံလုံးကို ချက်ချင်းကြီးလုပ် ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အဓိက ဦးစားပေးရမယ့် ဘုရား တွေကို အဆင့်လိုက်ဆောင်ရွက် ရမှာပေါ့’’ဟု ဦးဇာနည်ဝင်းက ပြောသည်။

ဂေါပကအဖွဲ့အပြောင်းအ လဲနှင့်ပတ်သက်၍ ဦးစားပေးလုပ် ကိုင်မည့်စာရင်းတွင် မပါဝင်သော်လည်း ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက လိုအပ်ချက်အရ ဦးစားပေးစာရင်းထဲ ထည့်သွင်းလုပ်ကိုင်မည်ဟုလည်း ၎င်းက ပြောသည်။

 ကျိုက်ထီးရိုး စေတီတော် တွင် ဂေါပကအဖွဲ့အပြောင်းအလဲ ပြုလုပ်ပြီး လပိုင်းအတွင်းမှာပင် အလှူငွေရရှိမှုမှာ ယခင်နှစ်ကာ လတူထက် ကျပ်သိန်းတစ်သောင်းကျော်ရရှိခဲ့သည်။

 
Sources : 7Day News Journal

No comments:

Post a Comment