Latest News

Tuesday, February 21, 2017

ဥပဒေ ပြဌာန်းရုံဖြင့်နိုင်ငံ့အနာဂတ်အတွက်အာမခံချက် မပေးနိုင်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ဥပဒေ ပြဌာန်းရုံဖြင့်နိုင်ငံ့အနာဂတ်အတွက်အာမခံချက် မပေးနိုင်ဟု

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

ဥပဒေ တွေပြဌာန်းရုံနဲ့  နိုင်ငံရဲ့  အနာဂတ်အတွက် အာမခံချက်ပေးနိုင်မှာမဟုတ်ပဲတိုင်းရင်းသားအားလုံးရဲ့စစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ရှိမှအာမခံချက်ပေးနိုင်မယ်လို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ” ကျွန်မတို့ တိုင်းရင်းသားများရဲ့ တကယ့်ကို ပြည်ထောင်စုစိတ်ဓါတ် မွေးမြူခြင်းအားဖြင့်သာလျှင် ကျွန်မတို့နိုင်ငံရဲ့ အနာဂတ်အတွက် အာမခံချက် ပေးနိုင်မှာ ပါ။ ဥပဒေတွေ ပြဌာန်းလို့လည်း အာမခံချက် ပေးနိုင်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ ဘယ်နိုင်ငံရေး စနစ်နဲ့မှလည်း အာမခံချက် ပေးနိုင်မှာ မဟုတ်ပါဘူး။ အခြေခံအားဖြင့်တော့ ကျွန်မတို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများရဲ့ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓါတ် ရှိခြင်းနဲ့သာလျှင် ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက် အာမခံချက် ပေးနိုင်မှာပါ။”လို့ ပြောဆိုခဲ့တာပါ။

ဖေဖော်ဝါရီလ ၂၀ရက်နေ့ ညက နေပြည်တော် MICC2မှာပြုလုပ်တဲ့(၆၉)နှစ်မြောက်ချင်းအမျိုးအသားနေ့အခမ်းအနားမှာအခုလိုထည့်သွင်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။

ပြည်ထောင်စုကြီးတစ်ခုလုံးတိုးတက်ဖို့အားလုံးကသဘောထားကြီးပါဝင်ဆောင်ရွက်ကြဖို့လည်းလိုအပ်တယ်လိုလည်းပြောပါတယ်။

ချင်းလူမျိုးတွေအနေနဲ့အောက်ချင်းဌက်တွေလိုသစ္စာရှိရှိနဲ့တိုင်းပြည့်အနာဂတ်ရဲ့အဓိကကျတဲ့နေရာတွေမှာပါဝင်လာဖို့ယုံကြည်နေတယ်လိုလည်းနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဖေသက်ထက်ခင်

Kumudra

No comments:

Post a Comment