Latest News

Tuesday, February 21, 2017

ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ် ကြီး ရုတ်တရက် ကွယ်လွန်

ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ် ကြီး ရုတ်တရက် ကွယ်လွန်

   
နယူးယောက်မှာ ရုတ်တရက်သေဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗိုက်တလီချာကင်းအတွက် တနင်္လာနေ့မှာ ဝမ်းနည်းကြောင်းနဲ့ ချီးမွှမ်းဂုဏ်ပြုကြောင်း

နယူးယောက်မှာ ရုတ်တရက်သေဆုံးသွားခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှားသံအမတ်ကြီး ဗိုက်တလီချာကင်းအတွက် တနင်္လာနေ့မှာ ဝမ်းနည်းကြောင်းနဲ့ ချီးမွှမ်းဂုဏ်ပြုကြောင်း သဝဏ်လွှာတွေ ပုံအော ရောက်လာခဲ့ပါတယ်။ သူ့ရဲ့ဥာဏ်စွမ်း၊ ဟာသဥာဏ်နဲ့ သူ့တိုင်းပြည်အတွက်ဂုဏ်ဆောင်ပေးမှုတွေကြောင့် သူ့ကို အထူးသဖြင့်အမှတ်ရအောက်မေ့နေကြပါတယ်။

ချာကင်းဟာ သူ့ရဲ့ ၆၅ နှစ်ပြည့်မွေးနေ့မရောက်ခင်တစ်ရက်အလိုမှာ သေဆုံးသွားခဲ့တာပါ။ သံအမတ်ကြီးဟာ အရှေ့ ၆၇လမ်းက ရုရှားမစ်ရှင်ရုံးမှာရှိနေချိန် နှလုံးဖောက်တဲ့ဝေဒနာ ခံစားခဲ့ရတယ်လို့ မှုခင်းတားဆီးရေးအရာရှိတစ်ဦးက ပြောပါတယ်။ သူ့ကို နယူးယောက်က ပရီစ်ဘိုင်တီယန်ဆေးရုံကို တင်ပို့လိုက်ပြီး အဲ့သည့်မှာပဲ ကွယ်လွန်သွား ခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထူးချွန်ထက်မြက်တဲ့ရုရှားသံအမတ်ကြီးဟာ လက်ရှိတာဝန်ထမ်းဆောင်နေချိန် မှာပဲ သေဆုံးသွားတယ်လို့ အတည်ပြုပြီး သမ္မတဗလာဒီမာပူတင်ကလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဝန်ထမ်းတွေအပြင် သူ့ရဲ့မိသားစုဝင်တွေနဲ့ဆွေမျိုးတွေကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရတဲ့အကြောင်း ဖော်ပြခဲ့တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကအဖွဲ့ဝင်တွေဟာလည်း သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်သေဆုံးသွားတဲ့အထိမ်းအမှတ် အနေနဲ့ အခိုက်အတန့် တိတ်ဆိတ်ငြိမ်သက်စွာမတ်တပ်ရပ်နေခဲ့ပါတယ်။

‘ ကျွန်တော်တို့ဟာ ကုလသမဂ္ဂမိသားစုဝင်တွေထဲက လေးစားအထိုက်ဆုံးဖြစ်ပြီး သြဇာအရှိဆုံးသူတစ်ဦးကို ဆုံးရှုံးလိုက်ရပါပြီ။ သူ့နာမည်ဟာ ဒီအဖွဲ့အစည်းကြီးရဲ့သမိုင်းကြောင်းနဲ့အတူ ဆက်ပြီးတည်ရှိနေမယ်ဆိုတာ ယုံကြည်တယ်’ လို့ ကုလအထွေထွေညီလာခံဥက္ကဌ ပီတာသွန်မဆင်ကပြောပါတယ်။

ချာကင်းဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကိုယ့်ကိုယ်ယုံကြည်မှုရှိပြီး စိတ်ဆတ်ပေမယ့် ဟာသဥာဏ်နဲ့နှစ်လိုဖွယ် ကောင်းတဲ့သူတစ်ဦးအဖြစ် ထင်ရှားပြီး သူဟာ မကြာခဏဆိုသလို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ပြင်သစ်တို့နဲ့ ကတောက်ကဆဖြစ်လေ့ရှိပါတယ်။

ဆယ်နှစ်တာကာလအတွင်း ချာကင်းဟာ ဆီးရီးယားပဋိပက္ခတွေကအစ ယူကရိန်းအရှေ့ပိုင်းမှာ မလေးရှားလေယာဉ် ပျက်ကျတဲ့ကိစ္စတွေအဆုံး အမျိုးမျိုးသောကိစ္စရပ်တွေမှာ ဗီတိုအာဏာသုံးဖို့ လက်ထောင်ခဲ့သူပါ။

သူဟာ အနောက်အုပ်စုတွေရဲ့တိုက်ခိုက်မှုတွေကိုဆန့်ကျင်ပြီး ဆီးရီးယားသမ္မတဘာရှာအယ်အာဆတ်ကိုထောက်ပံ့ အားပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လစ်ဗျားက အမေရိကန်ရဲ့မူဝါဒဟာ အစိုးရအပြောင်းအလဲကို နှစ်သက် သဘောကျတဲ့ အနောက်နိုင်ငံတွေရဲ့ရှုံးနိမ့်မှုသင်္ကေတတစ်ခုဖြစ်တယ်လို့ ကိုးကားပြောဆိုခဲ့ပါတယ်။

READ  မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဆုံးဖြတ်ချက် ဒီနှစ်တင်သွင်းမည်မဟုတ်
ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး နစ်ကီဟာလေးကလည်း ချာကင်းဟာ ယဉ်ကျေးပျူငှာတဲ့ မိတ်ဖက် တစ်ဦးလို့ဆိုပါတယ်။ သူတို့ကြား အရာရာတိုင်းမှာ အမြင်မတူခဲ့ကြပေမယ့် ရုရှားနိုင်ငံကိုတော့ သူ့ရဲ့ အကောင်းဆုံး စွမ်းရည်နဲ့မြှင့်တင်ပေးခဲ့တာကတော့ မေးစရာတောင်မလိုပါဘူးလို့ သူက ပြောပါတယ်။

ချိုလေးငယ်

Kumudra

No comments:

Post a Comment