Latest News

Tuesday, February 21, 2017

ဓမ္မကာယ ကျောင်းတော်မှာ ဘုန်းတော် ကြီးတွေနဲ့ ရဲ ရုန်းရင်းဆန်ခတ်ဖြစ်

ဓမ္မကာယ ကျောင်းတော်မှာ ဘုန်းတော် ကြီးတွေနဲ့ ရဲ ရုန်းရင်းဆန်ခတ်ဖြစ်

ဓမ္မကာယ ဘုန်းကြီးကျောင်းမှာထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့သံဃာတော်တွေအခြေအနေတင်းမာခဲ့ပြီးရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။

တနင်္လာနေ့မှာ ဘန်ကောက်မြောက်ပိုင်းရှိ ကျောင်းတော်မှာ သံဃာတော်တွေနဲ့ကျောင်းတော်ရဲ့ဒကာ ဒကာမတွေ က ရဲတပ်ဖွဲ့အမိန့်ကိုမနာခံဘဲ ဆက်လက်စုဝေးနေခဲ့ကြစဉ်မှာ အခုလိုဖြစ်ခဲ့တာပါ။

ရဲတွေက ငွေကြေးခဝါချမှုနဲ့ဖမ်းဆီးဖို့အလိုရှိနေတဲ့ဆရာတော်ဓမ္မဂျာယိုကိုဝင်ရောက်ရှာဖွေကြတဲ့ ကြာသပတေးနေ့ မှာအခြေအတင်စတင်ခဲ့တာဖြစ်ပါတယ်။

ရဲတွေရဲ့ရှာဖွေမှုကြောင့် ဆရာတော်ကို ကာကွယ်တဲ့အနေနဲ့ ဒကာဒကာမတွေ ထောင်ပေါင်းများစွာ ထွက်ပေါ်လာ ခဲ့ပါတယ်။ သည်အခြေအနေဟာ ရဲတွေရှာဖွေဖို့ ကြိုးပမ်းခဲ့တဲ့ ၂၀၁၆ ခုနှစ်က ပုံစံနဲ့ အတူတူပဲ ဖြစ်ပါတယ်။

တနင်္လာနေ့ ဖြစ်ရပ်မှာ သံဃာတော်တချို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး တိမ်းရှောင်ကုသနေကြပါတယ်။ ခုချိန်ထိတော့ ဒဏ်ရာကြီးကြီးမားမား ရရှိတယ်လို့ သတင်းမရပါဘူး။

ကျောင်းတော်ရဲ့အပြင်ဘက်မှာ စုဝေးဆုတောင်းရွတ်ဆိုမှုတွေ လုပ်ဆောင်နေကြပါတယ်။ သည်ကျောင်းတော်ရဲ့ တပည့်သာဝကတွေဟာ ကိုးကွယ်ယုံကြည်မှု သဒ္ဓါတရားပြင်းထန်ကြောင်း နာမည်ကြီးပါတယ်။

တနင်္ဂနွေနေ့က သည်နေရာကို ရဲတွေနဲ့စစ်သားတွေ ဝိုင်းခဲ့ပြီး ကျောင်းတော်ရဲ့အဝင်အထွက် လမ်းမကြီးတွေကို ပိတ်ကာ ကျောင်းတော်တဝိုက်ကို ထိန်းချုပ်ခဲ့ပါတယ်။

Ref; BBC, Feb- 20, 2017 YSD : Kumudra

No comments:

Post a Comment