Latest News

Friday, February 24, 2017

ဦးကိုနီကို သတ်ရန် ဇေယျာဖြိုးက စေခိုင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား

ဦးကိုနီကို သတ်ရန် ဇေယျာဖြိုးက စေခိုင်းခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ပြောကြား



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီကို သတ်ရန် ဇေယျာဖြိုးက ငွေပေးပြီး စေခိုင်းခဲ့ခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီက ဟံသာဝတီအဝိုင်း အနီးရှိ မူးယစ်ပြတိုက်တွင် ပြုလုပ်ခဲ့သော ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အထက်ပါအတိုင်း ဖြေကြားခဲ့သည်။

“ဒီလုပ်ကြံမှုမှာ ဇေယျာဖြိုးက မဘသ ဆရာတော်အချို့နဲ့ ရင်းနှီးမှုရှိခဲ့တယ် ဆိုပေမယ့် ဘုန်းကြီးက လူသတ်ခိုင်းမှာ မဟုတ်ပါဘူး။ ဒါအပြင့် ဇေယျာဖြိုးနဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်အမတ်အချို့ မိတ်ဆွေတွေ ဖြစ်နေပေမယ့် ဒီလုပ်ကြံမှုမှာ ဘာမှမပတ်သက်ကြောင်း စစ်ဆေးချက်အရ သိရတယ်။ အောင်ဝင်းဇော် ဖမ်းမိမှ ဇေယျာဖြိုးနဲ့ သူတို့နှစ်ယောက် နောက်ကွယ်မှာ ဘာတွေထပ်ရှိနေမလဲ ဆက်ပြောနိုင်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းအပြင် ဦးကိုနီ လုပ်ကြံခံရမှုတွင် ဖမ်းဆီးထားသူနှင့် လွတ်မြောက်နေသူတို့မှာ တပ်မတော်မှ အရာရှိဟောင်းများ ဖြစ်နေသောကြောင့် ပြည်သူမှ တပ်မတော်အပေါ် နားလည်မှုလွဲကာ မုန်းတီးမှုများ မဖြစ်လာစေရန် ယင်းအမှုကို အမြန်ဖော်ထုတ်ပြီး ပွင့်လင်းမြင်သာစွာ လူထုကို အသိပေးအပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ လုပ်ကြံမှုမှ သေနတ်သမား ကြည်လင်း၊ ငွေပေးစေခိုင်းသည့် ဇေယျာဖြိုးနှင့် အောင်ဝင်းဇော်တို့ သုံးဦးကို ဖမ်းဆီးအရေးယူထားပြီး မသင်္ကာသူ ၇၃ ဦးကို ခေါ်စစ်ဆေးခဲ့ကြောင်း၊ အောင်ဝင်းခိုင်မှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနမှ ရဲချုပ် ဇော်ဝင်းက ပြောကြားသည်။

The Voice

No comments:

Post a Comment