ဦးကိုနီကို လုပ်ကြံခံရမှု လက်တလောသုံးသပ်မှုအရ မျိုးချစ်အစွန်း
ရောက် စိတ်နဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့်လို့ ပြည်ထဲရေးဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
ဦးကိုနီကို လုပ်ကြံခံရမှု လက်တလောသုံးသပ်မှုအရ မျိုးချစ်အစွန်းရောက် စိတ်နဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့်လို့ ပြည်ထဲရေးဝန်ကြီး ဌာနက ပြောပါတယ်။
"အောင်ဝင်းဇော်နဲ့ဇေယျာဖြိုးကတာမွေက မော်ဒန်လ္ဘက်ရည်ဆိုင် မှာထိုင်ပြီး ဦးကိုနီအကြောင်းဆွေးနွေး ရင်းလူငယ်သဘာဝ ပုဂ္ဂိုလ်ရေးမကျေနပ်မှုတွေ ဖြစ်လာပါတယ်။ မော်ဒန်ဆိုင်ကအပြန် ကားပေါ်မှာ ဦးကိုနီကိုရှင်းပစ်မှဖြစ်မယ်လို့ပြောကြောင်းသိရပါတယ်" လို့ ရဲချုပ်ဇော်ဝင်းကဆိုပါတယ်။
ယင်းနောက် အောင်ဝင်းဇော် မှ ဦးကိုနီကို လုပ်ကြံချင်ပါက အောင်ဝင်းခိုင်ကိုအကူတောင်း၍ ငွေကြေးထောက်ပံ့ခိုင်းမယ်လို့စဉ်းစားခဲ့ကြောင်းယင်းနောက်ဦးကိုနီကို ၇ကြိမ်တိုင်ချောင်းမြှောင်းခဲ့ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း တရားခံတွေကို စစ်ဆေးချက်တွေပေါ်မူတည်ပြီး ရဲချုပ်ဇော်ဝင်းက ရှင်းပြပါတယ်။
ဒါနဲ့ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကအခုလိုပြောပါတယ်။
"ဘာလို့တပ်မတော်ကထွက်တဲ့ အရာရှိတွေကိုခိုင်းတာလဲ ။အစိုးရနဲ့ တပ်မတော်ကိုကွဲစေချင်တာလား။ စဉ်းစားကြည့်ရပါတယ်။ ဦးကိုနီ ရွေးကောက်ပွဲ မတိုင်ခင်ဘာပြောခဲ့လဲ. ..အခုရွေးကောက်ပွဲပြီးတော့သူလုပ်နိင်လား မလုပ်နိင်လို့သူ့အသိုင်းအ၀ိုင်းကလုပ်ကြံတာလား စဉ်းစားပါတယ်။ မျိုးချစ်စိတ်ကနေ အစွန်းရောက် သွားတာလို့ သုံးသပ်ရရှိပါတယ် " လို့ သူကဆိုပါတယ်။
ရန်ကုန်လေဆိပ်မှာလုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ NLDပါတီ ဥပဒေအကြံပေးဦးကိုနီ ကိစ္စနဲ့ပတ်သတ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ရဲလွင်
PopularNews
Friday, February 24, 2017
ဦးကိုနီကို လုပ်ကြံခံရမှု လက်တလောသုံးသပ်မှုအရ မျိုးချစ်အစွန်း ရောက် စိတ်နဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့်လို့ ပြည်ထဲရေးဆို
ဦးကိုနီကို လုပ်ကြံခံရမှု လက်တလောသုံးသပ်မှုအရ မျိုးချစ်အစွန်း ရောက် စိတ်နဲ့ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့်လို့ ပြည်ထဲရေးဆို
Reviewed by Ar Ti
on
8:10 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment