Latest News

Saturday, February 11, 2017

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရုံးများတွင် သက်သေစရိတ် ထုတ်ပေးမှုကို သိရှိသူနည်းပြီး ထုတ်ယူခဲ့သည့် စရိတ်များ စိစစ်ရန် လိုအပ်ဟုဆို

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရုံးများတွင် သက်သေစရိတ် ထုတ်ပေးမှုကို သိရှိသူနည်းပြီး ထုတ်ယူခဲ့သည့် စရိတ်များ စိစစ်ရန် လိုအပ်ဟုဆို


ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရုံးများတွင် ရဲရေးပိုင်သည့် အမှုများနှစ်ဖက် သက်သေလာရောက် ထွက်ဆိုသူများအား တရားရုံးမှ သက်သေစရိတ် ပြန်လည်ထုတ်ပေးမှုအား သိရှိသူ နည်းပါးပြီး ထုတ်ယူခဲ့မှုများလည်း သက်သေများ အမှန်တကယ် ထုတ်ယူမှု ရှိ မရှိ စစ်ဆေးရန် လိုအပ်နေကြောင်း အိမ်မဲမြို့နယ် မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တရားရုံး အဆင့်ဆင့်တို့တွင် ပြစ်မှုဆိုင်ရာအမှုများ၊ ရဲရေးပိုင်သော အမှုများတွင် ပြည်ထောင်စု ဘဏ္ဍာငွေမှ ခွင့်ပြုချထားပေးမြဲဖြစ်သောရုံးရှေ့ သက်သေထွက်ဆိုနိုင်ရန် နေတွက်စရိတ် ခရီးစရိတ်များကို တောသူတောင်သား တရားရုံးသို လာရောက်ဖူးခြင်း မရှိသူများ၊ သက်သေစရိတ် ထုတ်ယူရကောင်းမှန်း မသိရှိသူများ အများအပြား ရှိနေကြောင်း၊ ပြည်သူများ ထုတ်ယူမှု မရှိခဲ့သော စရိတ်များအား မည်သည့်နေရာတွင် မည်ကဲ့သို့ စီမန်ခန့်ခွဲ အသုံးပြုနေကြောင်း ၎င်းမှဒုတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ကြောင်း သိရသည်။

ကျွန်မတို့ မဲဆန္ဒနယ်က ပြည်သူတွေကို မေးကြည့်တဲ့အခါမှာ တရားရုံးတွေမှာ သက်သေစရိတ် မထုတ်ရပါဘူး။ ထုတ်ယူခွင့်ရှိမှန်းလည်း မသိကြပါဘူး။ ဒါကြောင့် လွှတ်တော်ထဲမှာ ကြယ်ပွင့်ပြ မေးခွန်းမေးခဲ့တာပါ တရားသူကြီးချုပ် အနေနဲ့ ပြန်လည်ဖြေကြားမှုကို အားရကျေနပ်မှု မရှိပါဘူး ဘာဖြစ်လို့လဲဆိုတော့ တရားရုံးမှာလာပြီး တရားရင်ဆိုင်တဲ့ အခါမှာ တချို့ဆိုရင် အဆင်မပြေတဲ့ကြားကလာပြီး ရင်ဆိုင်ရတာပါ ထုတ်ယူခွင့်ရမယ်ဆိုရင် မထုတ်ယူချင်တဲ့သူ မရှိပါဘူး။ အားလုံးထုတ်ယူချင်မှာပါ စာကပ်ထားတယ်ဆိုရုံနဲ့ မသိဘူးဆို ထိုရုံးမှာရှိတဲ့ ၀န်ထမ်းတွေ အနေနဲ့ လမ်းညွှန်ကြေညာမှုတွေ လုပ်စေချင်တယ်” ဟု အိမ်မဲမြို့နယ် မဲဆန္ဒနယ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောကြားသည်။

၂၀၁၅-၂၀၁၆၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် သက်သေစရိတ် ထုတ်ယူထားကြောင်း၊ ထုတ်ယူထားမှုများတွင် ပထမဘတ်ဂျက်တွင် သာမက ဖြည့်စွက်ဘဏ္ဍာမှာပါ တောင်းခံထားကြောင်း သိရှိရပြီး ထုတ်ယူထားသူများမှ လတ်မှတ်ထိုးယူထားသည် ဆိုသည်မှာ ကာယကံရှင်များ လတ်မှတ်အမှန်တကယ် ဟုတ် မဟုတ်၊ လက်ဗွေပါဝင်ရမည်ကို သိရှိထားပြီး နောက်အခါများ လက်ဗွေများ ပါဝင်ရန် လိုအပ်ကြောင်း ဆက်လက် ပြောကြားသည်။

“ရာဇ၀တ်ကျင့်ထုံးအရ တရားရုံးကိုလာရောက် သက်သေခံကြသူတွေကို နိုင်ငံတော်အစိုးရမှ ရိတ်ထုတ်ပေးရန် ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၀၅၊ ပုဒ်မ ၅၄၄တို့တွင် ပြဋ္ဌာန်းထားခဲ့ပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေမှ ခွဲပေးသည့် စရိတ်များအနက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ ၀၃၂၃ တရားရုံးနှင့် ခုံရုံးစရိတ် ခေါင်းစဉ်ဖြင့် တရားရုံး အသီးသီးကို ခွဲဝေထားပြီး နေ့တွက်စရိတ်ကို ကျပ် ၂၀၀၀ မှ ကျပ် ၃၀၀၀ ထုတ်ပေးခဲ့ပြီး ခရီးစရိတ်ကို သက်သေ အမှန်တကယ် သွားခရီးနဲ့ ထုတ်ပေးခဲ့ပြီး ရဲရေးပိုင်တဲ့အမှုတွေမှာ သက်သေစရိတ် ထုတ်ယူနိုင်ကြောင်း အမှုစစ်ဆေးတဲ့ ရုံးရှေ့၊ ဘီလစ်စာရေး ရုံးခန်းရှေ့တွင် စာကပ်ထားကြောင်း” ဟု လွှတ်တော်အတွင်း ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းစဉ်တွင် ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် ဦးသန်းထွန်းက ပြန်လည် ဖြေကြားခဲ့သည်။

Sources : နီလာစိုး (ပုသိမ်)Eleven Media Group

No comments:

Post a Comment