Latest News

Thursday, February 9, 2017

ဆေးလိပ်မီးအား အမှတ်မထင် ပစ်ချထားခဲ့ရာမှ နေအိမ် (၁၃)လုံး မီးလောင်မှုဖြစ်ပွား

ဆေးလိပ်မီးအား အမှတ်မထင် ပစ်ချထားခဲ့ရာမှ နေအိမ် (၁၃)လုံး

မီးလောင်မှုဖြစ်ပွား

ပုလော ဖေဖော်ဝါရီ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင် ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးလောင်မှုဖြစ် ပွားခဲ့သည်။ ဖြစ်စဉ်မှာ  ရှပ်ပုံကျေးရွာ ဝါးတန်လမ်းရှိ ပိုင်ရှင် ဦးထင်ဇော်(ခ) ဦးထင်ဇော်မြင့်သည် အိမ်ဆောက် ပစ္စည်းများနှင့် ဒီဇယ်ပေပါများ အရေ အတွက် စစ်ဆေးစဉ် ဆေးလိပ်သောက် ခဲ့ပြီး သောက်လက်စ ဆေးလိပ်မီးအား အမှတ်မထင် ပစ်ချထားခဲ့ရာမှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး နေအိမ် (၁၃) လုံး မီးလောင်ကျွမ်းခဲ့ကြောင်းသိရှိရသည်။

မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ်(၁) စီး ပလောက်နယ်မြေမီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး စုစုပေါင်း (၆) စီး၊ မြို့နယ်မီးသတ်တာဝန်ခံ ဒု-မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက် ခေါင်းဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၁၈) ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများနှင့် ဒေသခံပြည်သူ များ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် ည ၁၁ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဦးထင်ဇော်(ခ) ဦးထင်ဇော်မြင့်အား ပုလောမြို့နယ် ရဲစခန်းမှ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပုလော (ပြန်/ဆက်)

No comments:

Post a Comment