Latest News

Thursday, February 9, 2017

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို NV ကတ် စိစစ်ထုတ်ပေးဖို့ နိုင်ငံတော်အဆင့် အဖွဲ့ဖွဲ့စည်း

ရခိုင်ပြည်နယ်က မွတ်ဆလင်တွေကို NV ကတ် စိစစ်ထုတ်ပေးဖို့ နိုင်ငံတော်အဆင့် အဖွဲ့ဖွဲ့စည်း

ရခိုင်ပြည်နယ်မှာ နိုင်ငံသားစိစစ်ခံယူရမယ့်သူရဲ့ သက်သေခံကတ်ပြားလို့ခေါ်တဲ့ NV ကတ်တွေ ထုတ်ပေးနိုင်ဖို့အတွက်  နယ်လှည့်ကွင်းဆင်းဆောင်ရွက်သွားမယ့် ဦးဆောင်အဖွဲ့တစ်ဖွဲ့ကို နိုင်ငံတော်သမ္မတ ဦးထင်ကျော် အမိန့်နဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်။

အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌဖြစ်ပြီး ပြည်ထဲရေး၊ ကာကွယ်ရေး၊ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးဌာနတွေက ဒု-ဝန်ကြီးတွေအပါအဝင် နိုင်ငံခြားရေးနဲ့ အမျိုးသားမှတ်ပုံတင်နဲ့ နိုင်ငံသားဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် တစ်ဦးတို့ ပါဝင်ကြောင်း ဒီနေ့ထုတ် ကြေးမုံသတင်းစာမှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ အရင်က ဝှိုက်ကတ်လို့ခေါ်တဲ့ ယာယီသက်သေခံလက်မှတ် ပြန်လည်အပ်နှံထား သူ ၄ သိန်းနီးပါးရှိရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလအထိ ၆ ထောင်ကျော်ကိုသာ NV ကတ်ထုတ်ပေးထားရပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာလည်း နယ်မြေအခြေအနေအရ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေရှိခဲ့ကာ NV ကတ်တွေ အမြန်ဆုံးပြီးမြောက်စေဖို့အတွက် အခုလိုအဖွဲ့ဖွဲ့ပြီး ဆောင်ရွက်တာဖြစ်တယ်လို့ ပါရှိပါတယ်။

အဲဒီဦးဆောင်အဖွဲ့ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားပါတယ်။

Photo: Min Thein Aung/RFA

(ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်က ကျောက်တစ်လုံးမွတ်စလင် ဒုက္ခသည်စခန်းမှာ အစိုးရက ထုတ်ပေးနေတဲ့ အစိမ်းရောင် NVC (National Verification Card) နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားကို တွေ့ရစဉ်)
RFA

No comments:

Post a Comment