Tuesday, February 14, 2017
တောင်ကိုရီယား သာသနာပြု ၃၀ကျော် ကို တရုတ် နှင်ထုတ်
တောင်ကိုရီယား နိုင်ငံ ထဲ ဒုံးကျည်ကာကွယ်ရေး ဖြန်ကြတ်ချထားဖို့ ဆုံးဖြတ်တာနဲ့ ပက်သက်ပြီး တောင်ကိုရီယား နဲ့ တရုတ်နိုင်ငံကြား တင်းမာမှု ရှိနေချိန်မှာပဲ တောင်ကိုရီယားနိုင်ငံက တရုတ်နိုင်ငံကိုရောက်နေတဲ့ တောင်ကိုရီယား ခရစ်ယာန် သာသနာပြု အဖွဲ့ဝင် ၃၂ ဦးကို နှင်လွတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ အရှေမြောက်ဘက် ယမ်ဂျီ ဒေသ အခြေစိုက် ခရစ်ယာန် သာသနာပြု ၃၂ ဦးကိုနှင်လွတ်ခဲ့တာဖြစ်ပြီးအဲဒီသူတွေ ဟာ တရုတ် နိုင်ငံ ထဲ ဆယ်စုနှစ်ချီ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။
တောင်ကိုရီယား နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံ ကိုရောက်ရှိနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ဝင်တွေဟာ ဇန်န၀ါရီလ တုန်းက နှင်ထုတ်ခံရတယ်လို့ အတည်ပြုပြောပါတယ်။
အခုလိုမျိုးတောင်ကိုရီယားနိုင်ငံရဲ့ သာသနာပြုတွေကို နှင်ထုတ်တာဟာ တရုတ်နိုင်ငံ က ဒုံးကျည်ကာကွယ်ရေး စနစ်ကို မကျေနပ်တာကြောင့် တုံပြန်တာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။
တရုတ်နိုင်ငံ ဟာ တောင်ကိုရီယားနိုင်ငံထဲ အမေရိကန် ရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်ဖြန့်ကြတ်ဖို့ ဆုံးဖြတ်တာကို မကျေမနပ်ဖြစ်နေပါတယ်။
တောင်ကိုရီယားနိုင်ငံကတော့ ဒုံးကျည်ကာကွယ်ရေး ဖြန့်ကြတ်တာ ဟာ မြောက်ကိုရီယားနိုင်ငံရဲ့  ဒုံးကျည် ပစ်လွတ်မှုကို တုံပြန်ကာကွယ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံထဲမှာတောင်ကိုရီယား နိုင်ငံ ကနေ သာသာနာပြု လုပ်ငန်း လုပ်နေသူ ဦးရေ ၁ ထောင်ကျော်ရှိနေပြီး အရှေမြောက်ဘက်မှာအများဆုံးဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီသာသာနာပြုလုပ်ငန်းလုပ်နေသူတွေဟာ မြောက်ကိုရီယားနိုင်ငံထဲက အခက်ခဲဖြစ်နေသူတွေကို တဖက်လည့်နဲ့  ကူညီနေတာဖြစ်ပါတယ်။
REF REUTER
ဇက်အမ်အို(တိုင်းဧရာ) ဘာသာပြန်သည်
တောင်ကိုရီယား သာသနာပြု ၃၀ကျော် ကို တရုတ် နှင်ထုတ်
Reviewed by timeayeyar
on
3:06 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment