ရေနည်းကာလ ရောက်ရှိလာပြီဖြစ်၍ ဧရာဝတီ မြစ်အတွင်း ခွင့်ပြုရေစူးသတ်မှတ် ချက် ငါးပေထက် ကုန်ပိုမိုတင် ဆောင်နေသော ရေယာဉ်များကို စစ်ဆေးအရေးယူမည်ဟု မကွေး တိုင်း မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်က ပြောသည်။
ဧရာဝတီမြစ်အတွင်း ကုန် တင်ဆောင်သွားလာသည့် မကွေး တိုင်းမှ ရေယာဉ်များကို ရေစူးအနက် ငါးပေသာ တင်ဆောင်သွားလာရန် ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ‘‘မြစ်ရေက အခုရေနည်း ကာလဖြစ်လာတော့ သောင်တင် တာတွေ၊ မလိုအပ်တဲ့ ဒုက္ခတွေ မဖြစ်ရအောင် ရေစူးသတ်မှတ် ချက် ထုတ်ပြန်ပေးထားတယ်။ ရေအနက်ကတော့ ခုနစ်ပေ လောက်အထိ ရှိနေဆဲပါပဲ။ မကွေးတိုင်းဘက်မှာတော့ လက် ရှိမှာ သတ်မှတ်ချက်အတိုင်း တင် ဆောင် သွားလာနေကြတာတွေ့ရ တယ်’’ ဟု တိုင်းဦးစီးမှူးက ပြော သည်။ မကွေးတိုင်းဧရိယာ ဧရာ ဝတီမြစ်အတွင်း ရေအနက် အနည်းဆုံးနေရာများမှာ မကွေး၊ မင်းဘူးရေလမ်း၊ စလေမြို့ အဆင်းရေကြောင်းလမ်း၊ သရက် ထုံတောင်ဝန်းကျင်၊ အောင်လံ မြို့နယ် ဗွက်ကြီးချောင်းဝအနီးနှင့် နံဇူပင်ကျေးရွာအနီး ရေလမ်းတို့ ဖြစ်ကာရေအနက် ခုနစ်ပေခန့်ရှိနေသည်။
နှစ်စဉ် နိုဝင်ဘာ ၁၅ ရက်မှ မေလ ၁၅ ရက်အထိ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေ နည်းကာလဖြစ်ပြီး ရေစူးသတ် မှတ်ချက်အနေဖြင့် ဟင်္သာတမှ ပြည်မြို့အထိ ငါးပေခြောက် လက်မ၊ ပြည်မှ မန္တလေးအထိ ရေစူးအနက်ငါးပေ၊ မန္တလေးမှ ကသာအထိ လေးပေ၊ ကသာမှ ဗန်းမော်အထိ သုံးပေကိုးလက်မ နှင့် ဆက်ဘိုမှ မြစ်ကြီးနားအထိ နှစ်ပေခြောက်လက်မ ရေစူး အ နက်သာ တင်ဆောင်ရန် ထုတ်ပြန်ထားသည်။
7Day News Journal
No comments:
Post a Comment