Latest News

Saturday, February 25, 2017

ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၂,၅၀၀ တက်

ပြည်တွင်း အခေါက်ရွှေဈေး ကျပ် ၂,၅၀၀ တက်



ကမ္ဘာ့ရွှေဈေးမြင့်တက်မှု ကြောင့် ပြည်တွင်းအခေါက်ရွှေ ဈေးသည် ဖေဖော်ဝါရီ ၂၅ ရက် က တစ်ကျပ်သားလျှင် ကျပ် ၉၀၂,၅၀၀ သို့ မြင့်တက်လာခဲ့ သည်။

ယခုနှစ်အတွင်း ဒုတိယအ ကြိမ် ကျပ် ၉၀၀,၀၀ ကျော်အထိ ဈေးပြန်တက်လာရာ ယင်းမှာ

ရွှေဈေးကွက်အတွင်း အမြင့်ဆုံး ပေါက်ဈေးဖြစ်ကြောင်း ပြည် တွင်းရွှေလုပ်ငန်းရှင်များက ပြော သည်။

‘‘အခုက ဈေးတက်တာ တရိပ်ရိပ်တက်တာဆိုတော့ အ ရောင်းအ၀ယ်ကို မထိခိုက်နိုင်ပါ ဘူး။ အရောင်းအ၀ယ်က ရှိနေပါ တယ်’’ဟု အောင်သမာဓိရွှေဆိုင် အထွေထွေမန်နေဂျာ ဦးမော်က ပြောသည်။

ကမ္ဘာ့ရွှေဈေးသည်လည်း ဖေဖော်ဝါရီ ၂၅ ရက်တွင် တစ် အောင်စ ၁,၂၆၀ ဒေါ်လာ အထိ ဈေးပေါက်ခဲ့၍ ပြည်တွင်းဈေးပါ လိုက်တက်လာသည်။

အခေါက်ရွှေဈေးသည် ပြည် တွင်းဈေးကွက်တွင် ဖေဖော်ဝါရီ ၈ ရက်က ၉၀၀,၈၀၀ ကျပ်ရှိခဲ့ရာ မှ ဈေးအနည်းငယ် တက်လာ သည်။

‘‘ဒီလ ၈ ရက်က ဖြစ်တဲ့ဈေး က ခဏပဲတက်ခဲ့တာ။ ရွှေလော ကသား အချင်းချင်းပဲ သိလိုက် တယ်။ ၀ယ်သူတွေတောင် မသိ လိုက်ဘူး။ ညနေပိုင်းမှာ ပြန်ကျ သွားတယ်။ အခုကရွှေလောက မှာ အမြင့်ဆုံးနှုန်းပဲ’’ဟု မန္တလေး ရွှေဆိုင်ပိုင်ရှင် တစ်ဦးက ပြော ကြားသည်။ပြည်တွင်း ရွှေဈေးသည် ၂၀၁၆ က အမြင့်ဆုံးဈေးဖြင့် စံ ချိန်တင်ခဲ့ပြီး အခေါက်ရွှေတစ် ကျပ်သားလျှင် ၉၀၀,၅၀၀ ကျပ် ပေါက်ဈေးရှိခဲ့သည်။

ဖေဖော်ဝါရီ ၂၄ ရက်က အ တည်ပြုသော ၂၀၁၇ ပြည်ထောင် စု၏ အခွန်အကောက် ဥပဒေအရ ရွှေထည်လက်ဝတ်ရတနာ ၀ယ်ယူသူများသည် အခွန် ၁ ရာခိုင်နှုန်း ပေးဆောင်ရတော့မည်ဖြစ်သည်။



7Day News Journal

No comments:

Post a Comment