မန္တလေးသင်္ကြန်ဖျော်ဖြေရေးမဏ္ဍပ်များကို လေလံစနစ်ဖြင့် ဆောက်လုပ်ခွင့်ပြုမည်
၂၀၁၇ မဟာသင်္ကြန်ပွဲ တော်တွင် ကျုံးတောင်ဘက် ၂၆ လမ်းမှလွဲ၍ ဖျော်ဖြေရေးမဏ္ဍပ် များ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်ပြီး လေလံစနစ်ဖြင့် ဆောင်ရွက်မည် ဟု မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီမှ ကော်မ တီဝင် (၁) ဦးကျော်ရင်မြင့်ကပြော ကြားသည်။
မန္တလေးသင်္ကြန်ကို ကျုံး ဘေးတွင် မဏ္ဍပ်အမြောက်အမြား ဖြင့် ချထားပေးမည်မဟုတ်ဘဲ ကျုံးအရှေ့၊မြောက်နှင့် အနောက် ဘက်တွင် မဏ္ဍပ် ၁၂ ခုသာ ဆောက်လုပ်ခွင့်ပြုမည်ဖြစ်သည်။
‘‘မဏ္ဍပ်ကို အရင်နှစ်တွေလို အများကြီးချပေးသွားမှာမဟုတ် ပါဘူး။ တစ်ဖက်ကို လေးခုစီနဲ့ ၁၂ ခုစီပဲချပေးသွားမယ်။ မဲနှိုက် တာမျိုးမဟုတ်ဘဲ လေလံစနစ်နဲ့ လုပ်သွားမှာပါ။ ပြီးတော့ ဆောင် ရွက်ခွင့်ရတဲ့ မဏ္ဍပ်တွေကို သေ ချာစစ်ဆေးသွားမယ်။ သတ် မှတ်ထားတဲ့ စည်းကမ်းတွေအ တိုင်း လိုက်နာမှုရှိ၊မရှိ စစ်ဆေး မယ်။ ကျုံးတောင်ဘက်ကလွဲပြီး မဏ္ဍပ်ဆောက်ခွင့်ပြုမယ့်ဧရိယာ ကတော့ လောလောဆယ်မသိရ သေးဘူး’’ဟု ကော်မတီဝင် (၁) ဦးကျော်ရင်မြင့်ကပြောသည်။
မန္တလေးသင်္ကြန်ကို ကျုံး တောင်ဘက်ခြမ်း ၂၆ ဘီလမ်း တစ်လျှောက်တွင် ဆိုင်ကယ်၊ ကားဝင်ခွင့်ပြုမည်မဟုတ်ဘဲ ပေ ၃၀ ခန့်ရှိ မဏ္ဍပ်အသေးစား များသာ ဆောက်ခွင့်ပြုမည်ဖြစ် ကြောင်း မန္တလေးမြို့တော် စည် ပင်သာယာရေးကော်မတီမှ သိရ သည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment