Latest News

Wednesday, February 8, 2017

ကိုနေ၀င်းမောင်းခဲ့တဲ့ တက္ကစီကို ပြန်ဝယ်ဖို့ ဇနီးဖြစ်သူတောင်းဆိုထား

ကိုနေ၀င်းမောင်းခဲ့တဲ့ တက္ကစီကို ပြန်ဝယ်ဖို့ ဇနီးဖြစ်သူတောင်းဆိုထား


ဖေဖော်ဝါရီ ၈ ရန်ကုန်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး ဦးကိုနီ ကို လုပ်ကြံသတ်ဖြတ်ခဲ့သူကို လိုက်လံဖမ်းဆီးရင်း သေနတ်သမားလက်ချက်နဲ့သေဆုံးခဲ့ရတဲ့ တက္ကစီယာဉ်မောင်း ကိုနေဝင်းမောင်း ခဲ့တဲ့ကားကို အုံနာဆီကပြန်ဝယ်ဖို့ ဇနီးဖြစ်သူမစုသက်ခိုင်က တောင်းဆိုထားတယ်လို့သိရပါတယ်။


“ပြန်ဝယ်ဖို့ကို အုံနာကိုပြောထားပါတယ်။အုံနာကရောင်းမယ်ဆိုရင်တော့ ဝယ်ဖြစ်မှာပါ။ဘာဖြစ်လို့လဲဆိုတော့ သူယောက်ျားအတွက်က အမှတ်တရလည်းဖြစ်နေတာဆိုတော့ သူပြန်ဝယ်ချင်တယ်ပေါ့“လို့ မစုသက်ခိုင်ရဲ့ အစ်မဖြစ်သူ မဂျမ်းရီကပြောပါတယ်။

လက်ရှိအခြေအနေမှာကားအုံနာဆီကအကြောင်းပြန်တာကို စောင့်နေဆဲဖြစ်တဲ့အတွက် ဘယ်လောက်နဲ့ဝယ်မယ်ဆိုတဲ့ဈေးနူန်းကိုတော့မညှိနိုင်းရသေးဘူးလို့သိရပါတယ်။ ကိုနေ၀င်းသေဆုံးပြီးနောက်မှာ ကျန်ရစ် ခဲ့တဲ့ဇနီးဖြစ်သူ မစုသက်ခိုင်နဲ့ ကလေးသုံးဦးကို လည်းစေတနာရှင်တွေက အဆက်အသွယ်မျိုးစုံနဲ့ ဂုဏ်ပြုငွေပေးအပ်ခဲ့ကြပါတယ်။

ဝင်းနန္ဒာ(ကုမုဒြာ)


No comments:

Post a Comment