Latest News

Wednesday, February 8, 2017

စိန်ခေါ်လိုက်စမ်းပါ ကိုဇော်ဌေးရေ

စိန်ခေါ်လိုက်စမ်းပါ ကိုဇော်ဌေးရေ

‘အမှုကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပူးပေါင်း ပြီးတော့ပူးပေါင်းအဖွဲ့က လုပ်နေတာဖြစ်တယ်။ အဲဒီမှာ စဉ်းစားကြည့်ပေါ့။ တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ Team ပေါ့။ ဒီ Team က အဓိပ္ပာယ်တွေအများ ကြီးရှိပါတယ်’’

‘‘သို့သော် ဒီ ကာလမှာတော့ နောက်ဆက်တွဲ ဆက်စပ်တဲ့ အမှုနဲ့ပါဝင်
ပတ်သက် အကျုံးဝင်တဲ့ ပြောရရင် ဒီအမှုဖြစ် အောင် ပြစ်မှုကျူးလွန်သူ၊ ဒီလို မျိုးပြစ်မှုကျူးလွန်အောင် လုပ်ခဲ့ တဲ့ နောက်ကွယ်က အများကြီးရှိ တာပေါ့။ ပံ့ပိုးကူညီတာရှိမယ်။ ဘေးကနေ တစ်ဖက်တစ်လမ်းက နေ ပြောတာတွေရှိတယ်။ မျိုးစုံရှိ မယ်။ အဲဒါကို ကျွန်တော်တို့စိစစ် နေတယ်။

တချို့သတင်းထုတ်ပြန် ခြင်းမရှိသော်လည်း တချို့ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမေးမြန်းနေ တာတွေရှိပါတယ်။ အဲဒါတွေ လောလောဆယ် မထုတ်ပြန်သေး ပါဘူး’’

ထိုသို့ ဆက်စပ်သံသယရှိသူ များကို စစ်ဆေးနေပြီး သတင်း မထုတ်ပြန်ခြင်းသည် အမှု၏ကွင်း ဆက်များ ပျောက်သွားနိုင်ခြင်း ကြောင့်ဖြစ်သည်ဟု ဦးဇော်ဌေး က ပြောသည်။(သတင်းဆဲဗင်းဒေး)

...............

ဆောရီးကိုဇော်ဌေးရာ။ ကျွန်တော်စိတ်လောပြီး ရေးမိပြောမိတာတွေအတွက်
တောင်းပန်ပါတယ်။ ကိုဇော်ဌေးပြောတာမှန်တာပေါ့။အောင့်နိုင်ရင်အကျိုးရှိ
စောင့်နိုင်ရင်သူခိုးမိဆိုသမို့လား။အခုအမှုမှာလည်းအများကြီးဖမ်းမိထားပြီ
ဆိုတော့မကြာမီအမှုမှန်ရော၊နောက်ကွယ်ကတရားခံတွေပါပေါ်တော့မှာပေါ့။အားရတယ်ဗျာ။ ကျုပ်တို့ဇွဲကောင်းကောင်းနဲ့စောင့်နေမယ်နော်။

လူတချို့ပြောနေကြတာက..၊

 ဖမ်းမိထားတာကလည်းဗိုလ်ပြုတ်ဆိုတော့၊သူ့နောက်မှာစစ်တပ်က
ကြီးကြီးမာစတာအဟောင်းတွေပါနေမှာမို့၊ဒီစစ်ဆင်ရေးမှာ စစ်တပ်ပါလာရင် အမှုမှန်ပေါ်ဖို့ပိုဝေးနေမှာပဲတဲ့ဗျ။တော်တော်ခက်တဲ့လူတွေဗျာ။အမှုကွင်းဆက်
ပျောက်ကုန်မှာစိုးလို့ ထုတ်မပြောတာကို ချိုး(ဂျိုး)ပြော၊မိုးပြောနဲ့။

ဒါနဲ့စကားမစပ် တကယ်လို့များပေါ့လေ။ ကျွန်တော်တို့ဖက်က
တစ်လတန်သည်၊နှစ်လတန်သည်၊ရေငုံနှုတ်ပိတ်၊တိတ်တိတ်လေးနေပြီး
 စောင့်ပါလျက် ကယ်နှင့် မြုပ်လေပေါ့၊ပေါ်မလာဆိုတဲ့ ထူးမခြားနားဇာတ်လမ်းဟောင်းကြီးတွေ အတိုင်းဖြစ်ပြီး၊အမှုမပေါ်တော့ရင်၊

တာဝန်ယူတဲ့သဘောနဲ့၊
ဘယ်အဆင့်ရှိတဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ယောက်များ ရာထူးကနေနှုတ်ဆက်
ပေးဖို့အစီအစဉ်ရှိလဲဟင်။

ဝန်ကြီးလား
ဒုဝန်ကြီးလား
ရဲချုပ်လား။

ဒီမိုကရေစီခေတ်ကျုပ်တို့နိုင်ငံမှာကိုယ့်အားနည်းချက်ကိုကိုယ်တိုင်ဝန်ခံ
တာဝန်ယူသွားတဲ့၊အဆင့်မြင့်တာဝန်ရှိပုဂ္ဂိုလ်စာရင်းဝင်လူစွမ်းကောင်း
တစ်ယောက်လောက်၊ကျုပ်မသေခင်မြင်သွားချင်လို့ပါဗျာ။ ။

ရုပ်ပုံ။ ။အင်တာနက်
မင်းဒင်

No comments:

Post a Comment