Latest News

Wednesday, February 8, 2017

အမေရိကန် သမ္မတ ဒေါ်နယ် ထရန် အား တရုတ်ဝေဖန်

အမေရိကန် သမ္မတ ဒေါ်နယ် ထရန် အား တရုတ်ဝေဖန်

အမေရိကန် သမ္မတ ဒေါ်နယ် ထရန်ရဲ့ မွတ်စလင်နိုင်ငံ ၇ နိုင်ငံက လာရောက်သူတွေကို ဗီဇာဆိုင်းငံ့လိုက်တာဟာ၊ အကြမ်းဘက် တန်ပြန်ရေးမှာ အမေရိကန်အစိုးရနားမလည်သေးတာကို ပြသနေတာဖြစ်တယ်လို့ တရုတ်အစိုးရ ဆင်ဟွာ သတင်းမှာဒီနေ့ ဝေဖန်ထားပါတယ်။

ဒေါ်နယ်ထရန့်က ဇန်န၀ါရီလ ၂၇ရက်နေ့က အီရန်၊ အီရတ်၊လစ်ဗျား၊ ဆိုမာလီ၊ ဆူဒန်နဲ့ ဆီးရီးယားနိုင်ငံတို့က ခရီးသည်တွေကို ရက်ပေါင်း ၉၀ နဲ့ အမေရိကန်နိုင်ငံထဲဝင်ေ၇ာက်မဲ့ ဒုက္ခသည်တွေကို ရက်ပေါင်း ၁၂၀၊ နဲ့ ဆီးရီးယား နိုင်ငံက ဒုက္ခသည်တွေကိုတော့ အချိန်အကန့်အသတ်မရှိ ပိတ်ပင်တယ်လို့ ကြေညာခဲ့တာပါ။

အဲဒီကြေညာချက်ကြောင့် အမေရိကန်တနိုင်ငံလုံးမှာ ရှိတဲ့  လေဆိပ်တွေမှာ ဆန္ဒပြပွဲတွေဖြစ်ပွားခဲ့ပြီးနောက် Seattle မြို့က တရားသူကြီးက ဒီတားဆီးမိန့်ကိုဆိုင်းငံ့ထားလိုက်ပါတယ်။

လောလောဆယ်မှာတော့ ပြည်ထောင်စု အယူခံခုံရုံးက သမ္မတရဲ့ အမိန့်ဟာ အဲ့ဒီဒေသ တွင်းက လူတွေအပေါ် မမျှမတ ပစ်မှတ်ထားနေ သလားဆိုတာနဲ့ပတ်သက်ပြီး လေ့လာဆန်းစစ်နေပါတယ်။

အမေရိကန်ရဲ့ ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး တရုတ်ဆင်ဟွာ သတင်းဌာနကတော့ ဒီဆောင်ရွက်ချက်ဟာ မျက်နှာလွဲ ခဲပစ်တာမျိုးဖြစ်တယ်လို့ ဝေဖန်လိုက်ပြီး ဒီအမိန့်ကြောင့် အစွန်းရောက်တွေအတွက် ပိုပြီးစည်းရုံးနိုင်ဘို့ လမ်းဖွင့်   ပေးလိုက်တာမျိုးဖြစ်သွားနိုင်တယ်လို့ ရေးသား ထားပါတယ်။
RFA

No comments:

Post a Comment