Latest News

Wednesday, February 8, 2017

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကြက်များ ဘဲများတွင် H5N6 ပိုးများ တွေ့ရှိ

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းခဲ့သည့် ကြက်များ ဘဲများတွင် H5N6 ပိုးများ တွေ့ရှိ


တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြက်များမှ  ကြက်ငှက်တုပ်ကွေး H5N6 တွေ့ရှိရကြောင်း  မြန်မာနိုင်ငံ Center for Infectious Disease Research and Policy မှ ထုတ်ပြန်ထားသည်။

ထိုင်ဝမ်မှ H5N6 ရှာဖွေတွေ့ရှိပြီးနောက် မြန်မာနိုင်ငံတွင် H5N6 က
တွေ့ရှိကြောင်း တင်ပြလာသည့်အတွက် အာရှတွင် အဆိုပါ ဗိုင်းရပ်စ်ပျံနှံသည့်မှာ
ထင်ရှားလာပြီဖြစ်သည်။

ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေး အဖွဲ့အစည်း ယနေ့အစီရင်ခံချက် အဆိုအရ ၂၀၁၃ ခုနှစ်တွင်
တရုတ်နိုင်ငံ၌ H7N9 ထွက်ပေါ်ခဲ့ခြင်း ရှိသည့်အတွက် ကြက်များ၊ ဘဲများနှင့် ၎င်းတို့ဝန်းကျင်ရှိ ငှက်များ နှင် ကြက်မွေးမြူရေး ခြံများအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံက ဆိုသည်။

တရုတ်နိုင်ငံနှင့် နယ်နမိတ် ထိစပ်နေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသ ၀န်းကျင်တွင် H5N6 ကူးစက်ခံထားရသည် ကြက်များကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်နိုင်ငံမှ တင်သွင်းသည့် ကြက်များ နှင့် ကြက်အရှင်ရောင်းသည့်ဈေးထဲမှ ကြက်များအား ဗိုင်းရပ်စ် စမ်းသပ်သည့် အခါ ကျန်းမာနေသည် အသွင် တွေ့ရှိရကြောင်း ဆိုသည်။ အလားတူ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ဘဲများတွင်လည်း H5N6 ပိုးကို တွေ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါနမူနာများအား ၂၀၁၆ ခုနှစ်က ကောက်ယူထားခြင်း ဖြစ်ပြီး ၎င်းအား သြစတြေးလျ တိရစ္ဆာန် ကျန်းမာရေး ဓာတ်ခွဲခန်းဌာန က ဒီဇင်ဘာ ၁၄ ရက်နေ့တွင် စတင်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

ဓါတ်ခွဲမှု အစီရင်ခံစာအရ အဆိုပါ ဗိုင်းရပ်စ်အား ကြက် အကောင် ၃၀၀ တွင် ၅ ကောင်တွေ့ရှိခြင်းဖြစ်သည်ဟု ဆိုသည်။

စိုင်းဟန်

The Ladies News

No comments:

Post a Comment